တရုတ်လုပ်ငန်းရှင်ကို သတ်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ဖမ်းဆီးထား

တရုတ်လုပ်ငန်းရှင်ကို သတ်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ဖမ်းဆီးထား
ဓာတ်ပုံ - The Nation

သြဂုတ် ၃၀ ။            ။ ဘန်ကောက်က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင် တရုတ်လုပ်ငန်းရှင်တစ်ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သံသယရှိသူ မြန်မာ လေးဦးကို သြဂုတ် ၂၉ ရက်ညက ပတ္တရားမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို Wang Thong Lang ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

လက်ရှိမှာတော့  သတင်းအတည်ပြုထုတ်ပြန်ပေးဖို့ ထိုင်းရဲတွေဖက်က ငြင်းဆိုထားပေမဲ့ သုံးယောက်ကတော့ Arti၊ Ah-xing နဲ့ Jeyi ဆိုသူတို့ ဖြစ်ကြတယ်လို့ အတည်ပြုထားပါတယ်။

The Nation သတင်းစာရဲ့ သတင်းအရ ဖမ်းဆီးထားသူတွေက အဲဒီစားသောက်ဆိုင်မှာလုပ်တဲ့ မြန်မာလုပ်သား ခုနစ်ဦးထဲမှ ဖြစ်ပြီး စီစီတီဗီမှတ်တမ်းအရ  ဒီအလုပ်သမား ခုနစ်ယောက်ဟာ နံနက် ၃ နာရီခန့်က စားသောက်ဆိုင်ထဲက ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စားသောက်ဆိုင်ပိုင်ရှင်ရဲ့ အလောင်းကို တွေ့ရတာပါပဲ။

သေဆုံးသူအနီး ထိုင်းဘတ် ၁၉၀၀၀ တွေ့ရှိခဲ့ပြီး ဒီတရုတ်လုပ်ငန်းရှင်က ယခင်ထိုင်းစားသောက်ပိုင်ရှင်ဆီကနေ ဆိုင်ကို လွှဲပြောင်းယူလုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာလို့ သိရပါတယ်။

တရုတ်လုပ်ငန်းရှင်က မြန်မာအလုပ်သမားတွေ ဆူညံစွာသောက်စားနေမှုကို ဆုံးမခဲ့တာကြောင့် မြန်မာလအလုပ်သမားတွေက ဒေါသထွက်ခဲ့တယ်လို့ ရဲဘက်က အခိုင်အမာ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly