မသန်စွမ်းများအတွက် ဘတ္ထရီသုံးဘီးလှည်းများ ထောက်ပံ့ပေးမှု ရှိနေ

30 August 2019
မသန်စွမ်းများအတွက် ဘတ္ထရီသုံးဘီးလှည်းများ ထောက်ပံ့ပေးမှု ရှိနေ

မသန်စွမ်းများ ကိုယ်ပိုင်ဝင်ငွေ ရရှိပြီး စီးပွားရှာနိုင်ရန် ဘတ္ထရီသုံးဘီးလှည်းများ ထောက်ပံ့မှုရှိနေသည့်အတွက် အဆင်ပြေမှုရှိကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမကွေး(ရုံးခွဲ)ဥက္ကဋ္ဌ ဦးကျော်ဟိန်းက ပြောသည်။ 

သုံးဘီးလှည်းများကို မိုးယံမိသားစုမှ လှူဒါန်းခြင်း ဖြစ်ပြီး လက်ရှိမှာ မကွေး မြို့တွင် နှစ်စီးသာ ရှိသေးကြောင်း သိရသည်။

“အခုလို ကူညီမှုတွေရှိတဲ့အတွက် မသန်စွမ်းတွေအတွက် များစွာအထောက်အကူပြုသလို အစိုးရပိုင်းကသာ ကူညီပေးခဲ့ရင်လည်း အများကြီး ပြောင်းလဲသွားနိုင်တယ်” ဟု မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မကွေး(ရုံးခွဲ) ဥက္ကဋ္ဌ ဦးကျော်ဟိန်းက ပြောသည်။

ဘတ္ထရီသုံးဘီးလှည်းတစ်စီးလျှင် အနည်းဆုံး ခုနစ်သိန်းကျပ် ကုန်ကျပြီး မသန်စွမ်းဖြစ်မှုပေါ်မူတည်ပြီး ဘီးကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ရကြောင်း မကွေးမြို့မှာ တစ်နိုင်တစ်ပိုင် စီးပွားရှာရန် စိတ်ဝင်စားသည့် မသန်စွမ်းများ ရှိလာသည့်အတွက် ထပ်ပြီးအလှူခံထားရာ နှစ်စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ဦးကျော်ဟိန်း က ပြောသည်။

“ဒီလှည်းလေးရောက်လာတဲ့အတွက် ကိုယ်ပိုင်ဝင်ငွေရရှိလာပါတယ်။ မိသားစု ပုံမှန်ဝင်ငွေလေးရတဲ့အတွက် အဆင်ပြေပါတယ်” ဟု မသန်စွမ်းသူတစ်ဦး ဖြစ်သည့် ဦးအေးသော်က ပြောသည်။

ရိုက်ကူး- တင်ရွှေ(မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly