နာမည်ကြီးကုမ္ပဏီများ အသုံးစရိတ်လျှော့ချမှုကြောင့် ကြော်ညာအသုံးပြုမှု ရ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း

နာမည်ကြီးကုမ္ပဏီများ အသုံးစရိတ်လျှော့ချမှုကြောင့် ကြော်ညာအသုံးပြုမှု ရ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ။          ။ နာမည်ကြီးကုမ္ပဏီများ ၎င်းတို့၏ဘတ်ဂျက်ကို လျှော့ချမှုကြောင့် ကြော်ညာအတွက် အသုံးစရိတ်မှာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ဘတ်ငွေ ၁၀ ဒသမ ၄၆ ဘီလျံ ရှိခဲ့ရာမှ လွန်ခဲ့သည့်လက ဘတ်ငွေ ၉ ဒသမ ၇၆ ဘီလျံသာရှိကာ ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့် မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော Nielson (Thailand) ကပြောသည်။

အနာလော့ရုပ်သံ၊ ရေဒီယို၊ သတင်းစာနှင့် မဂ္ဂဇင်းများသည် ကြော်ညာရရှိမှု သိသိသာသာ ကျဆင်းခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ရုပ်သံကြော်ညာရရှိမှုမှာ ၁၆ဒသမ၉ရာခိုင်နှုန်းကျဆင်းကာ ဘတ်ငွေ ၄ ဒသမ ၄၁ ဘီလျံ၊ ရေဒီယိုတွင် ၁၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ဘတ်ငွေ ၄၄၉ သန်း၊ သတင်းစာများတွင် ၁၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းကာ ဘတ်ငွေ ၉၅၅ သန်းနှင့် မဂ္ဂဇင်းများတွင် ၁၈ ဒသမ ၅ ရာခိုင်းနှုန်း ကျဆင်းကာ ဘတ်ငွေ ၃၇၉ သန်းသာ ရရှိခဲ့သည်။

သို့သော်လည်း ကေဘယ်/ဂြိုဟ်တုရုပ်သံများတွင်မူ ကြော်ညာမှုမှာမူ ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဘတ်ငွေ ၅၁၁ သန်းရရှိခဲ့သည်။ ထို့အပြင်ဒစ်ဂျစ်တယ်ရုပ်သံတွင် ၂၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက် ကာဘတ်ငွေ ၁ ဒသမ ၆၄ ဘီလျံဖြင့်လည်းကောင်း၊ အင်တာနက်တွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ကာ ဘတ်ငွေ သန်း ၁၀၀ ဖြင့်လည်းကောင်း အသီးသီးရရှိခဲ့သည်။

လွန်ခဲ့သည့်လက ကြော်ညာမှုလျော့ကျရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကြီးမားဆုံးကြော်ညာသည့် ကုမ္ပဏီကြီးသုံးခုဖြစ်သော Unilever(Thai) Holding ၊ Toyota Motor Thailand နှင့် Beierdorf တို့က အသုံးစရိတ်များလျှော့ချခြင်းကြောင့် ဖြစ်သည်။

အများပြည်သူဆိုင်ရာသယ်ယူပို့ဆောင်ရေးနှင့် အဆောက်အဦများတွင် တွေ့ရသောနေအိမ်ပြင်ပတွင် မြင်ရသော ကြော်ညာများလည်းတိုးတက်ခဲ့ပြီး ရုပ်ရှင်ကြော်ညာများက ဘတ် ၄၀၁ သန်းနှင့် အောက် ဒိုးကြော်ညာများက ၈ ဒသမ ၃ ရာခိုင်နှုန်းတိုးလာက ဘတ် ၃၅၂သန်းရရှိခဲ့သည်။ ခရီးသည်အရေအတွက်များပြားလာသည့်အတွက် ရပ်နားရာနေရာများသည် ကြော်ညာအတွက် အရေးပါလာကာ ယင်းနေရာ များတွင် ကြော်ညာနှုန်းက ၃၉ ဒသမ ၃ ရာခိုင်နှုန်းတက်လာကာ ဘတ် ၄၄၃ သန်းရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly