ဆန်စီမံကိန်း ဆုံးရှုံးမှုအတွက် လျော်ကြေးအနေဖြင့် ထိုင်းအစိုးရက ယင်လပ်၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေ

ဆန်စီမံကိန်း ဆုံးရှုံးမှုအတွက် လျော်ကြေးအနေဖြင့် ထိုင်းအစိုးရက ယင်လပ်၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေ

ဘန်ကောက်၊ အောက်တိုဘာ - ၁၄ ။      ။ တရားရုံးလုပ်ထုံးလုပ်နည်းများကို ရှောင်ကွင်းသည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် သူမအစိုးရ၏ ဆန်အမတော်ကြေး စီမံကိန်းကြောင့် ဆုံးရှုံးမှုများအတွက်နိုင်ငံတော် သို့နစ်နာကြေားအနေဖြင့် ဝန်ကြီးချုပ်ဟောင်း ယင်လပ်ပိုင် ဥစ္စာဓနများကို ပိုင်ဆိုင်ခွင့် အမိန့်ကြေညာစာထုတ်ပြန်ရန် ထိုင်းအစိုးရက စီစဉ်နေသည်။

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ အမှုကို ကန့်သတ် ၂နှစ်ကာလအခြခံပေါ်တွင် သက်တမ်းကုန်မသွားစေရန် တားဆီးသည့် လုပ်ရပ်တစ်ခုဖြစ်သည် ဟုလည်း ပြောဆိုနေ ကြသည်။

အောက်တိုဘာ ၁၂ရက်နေ့က ဒုဝန်ကြီးချုပ် ဝိစနု ကရီရာငမ်၏ ပြောကြားချက်အရ ထုတ်ပြန်ရန်ရှိသည့် ဥပေဒကဲ့သို့ အာဏာတည်သော အမိန့်မှာ အာဏာပိုင်များ၏ မှားယွင်းသောလုပ်ရပ်များဆိုင်ရာ ၁၉၉၆ ခုနှစ် အက်ဥပဒေနှင့် ကိုက်ညီသည်ဟု ဆိုသည်။

ဖွဲ့စည်းပုံဥပဒေပါ ပုဒ်မ၁၀အရ နိုင်ငံကို နစ်နာဆုံးရှုံးစေသည့် ပေါ့ဆမှု (သို့မဟုတ်) ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည်ဟု ပြစ်မှုထင်ရှားပါက အုပ်ချုပ်ရေးတရားရုံးများအနေဖြင့် ထိုအရာရှိများထံမှ လျော်ကြေး တောင်းခံပိုင်ခွင့် ရှိသည်။

ဒုဝန်ကြီးချုပ်၏ ပြောကြားချက်အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်မှာ အမျိုးသား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (NACC)၏ တွေ့ရှိချက်များကို အခြေခံထားပြီး၊ ထိုကော်မရှင်က ဆန်အမတော်ကြေး စီမံကိန်းတွင် နိုင်ငံကို ဆုံးရှုံးနစ်နာစေခဲ့သည့် အလွဲသုံးစားမှုများ ရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။    

‘တရားခံတွေအနေနဲ့ ဒီအမိန့်ကို မတရားဘူးလို့ထင်ရင် ပလပ်ပေးဖို့ အုပ်ချုပ်ရေးတရားရုံးကို အသနားခံနိုင်ပါတယ်’’ဟု ဒုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ မစ္စယင်လပ်က ဤလှုပ်ရှားမှုကို သူမ၏ဖေ့စ်ဘုတ် စာမျက်နှာမှတစ်ဆင့် ချက်ချင်းဆိုသလို တုန့်ပြန်ခဲ့ရာတွင် အစိုးရမှာ သူ့ကိုယ်သူ တရားရုံးသဖွယ် ပြုမူနေကြောင်းနှင့် အမှုကို အရပ်ဖက်တရားရုံးသို့ တင်ပါက ကုန်ကျမည့် ကြီးမားလှသည့် ရုံးစရိတ် ကိုရှောင်လွှဲရန်အတွက် အမိန့်ကြေညာစာထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူမအပေါ် ရာဇဝတ်မှု စွဲချက်ကို အထက်ရုံးတော်က စီရင်ချက်ချပြီးသည်အထိ အစိုးရအနေဖြင့် သူမ၏ ဓနဥစ္စာများအား သိမ်းယူခြင်းနှင့် အရပ်ဖက်ရုံးတွင် စွဲချက်တင်မှုကို ဆိုင်းငံ့ပေးထားရန် ယင်လပ်က မေတ္တာရပ်ခံခဲ့သည်။

မစ္စတာဝိစနုကမူ ယင်လပ်၏ ဝေဖန်မှုကို ပယ်ချခဲ့ပြီး၊ ဥပဒေမှာ ဖွဲ့စည်းပုံထဲတွင် ပါရှိလာခဲ့သည်မှာ နှစ်ပေါင်း ၂၀နီးပါးရှိပြီဖြစ်ကြောင်းနှင့် ထိုဥပဒေအောက်တွင် အမှုပေါင်း ၃၀၀ကျော်မျှ စီရင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘မစ္စယင်လပ်ဟာ ဥပဒေအရ တရားမျှတမှုကို ရရှိပါလိမ့်မယ်’ဟု မစ္စတာ ဝိစနုက ပြောကြားပြီး အကယ်၍ အစိုးရက အရပ်ဖက်အမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီတွင် သက်တမ်းကုန်ဆုံးခွင့်ပြုခဲ့လျှင်လည်း အလွဲသုံးစားမှုအတွက် တရားစွဲဆိုမှုကို ရင်ဆိုင်ရနိုင်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

‘ကျနော်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ မူလက စီစဉ်ထားသလို အရပ်ဖက်တရားရုံးမှာ တင်မယ်ဆိုရင် သိပ်ပြီး မပြင်းထန်တဲ စွဲချက်နဲ့ပဲ အလျော့ပေးရမှာပါ။ NACCက သူမကို ပြင်းထန်တဲ့ တာဝန်ပျက်ကွက်မှု နဲ့စွပ်စွဲထားတော့ အမှုက ဒီလိုပဲဖြစ်ရမှာပါ’’ဟု ဒုဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

သို့ရာတွင် မစ္စယင်လပ်အနေဖြင့် အစိုးရ၏အမိန့်ကို ဖျက်သိမ်းပေးရန် အုပ်ချုပ်ရေးရုံးတော်သို့ အသနားခံခွင့် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly