ကိုဆွေဝင်းအမှုအတွက် တရားလိုဘက်မှ ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်

27 August 2019
ကိုဆွေဝင်းအမှုအတွက် တရားလိုဘက်မှ ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်

မြန်မာနောင်းသတင်းဌာနမှ သတင်းထောက်ချုပ်ကိုဆွေဝင်းကို တရားစွဲဆိုထားမှုအတွက် တရားရုံးက ပယ်ချခဲ့မှုအပေါ် တရားလိုဘက်မှ ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်ခဲ့သည်။

လူမူကွန်ယက်စာမျက်နှာတွင် ဆရာတော် ဦးဝီရသူ၏ ဂုဏ်သိက္ခာညိုးနွမ်းအောင်ရေးသားသည်ဟုဆိုကာ ကိုဆွေဝင်းကို မဟာအောင်မြေတရားရုံး၌ ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) ဖြင့် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၂ရက်နေ့တွင် မဟာအောင်မြေတရားရုံးက အမှုကိုပယ်ချခဲ့သည်။

အဆိုပါကိစ္စအပေါ် တရားလို ကိုကျော်မျိုးရွှေဘက်မှ ကျေနပ်မှုမရှိသောကြောင့် ၂၀၁၉ ခုနှစ်၊သြဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းက မန္တလေးခရိုင်တရားရုံးတွင် ဥပဒေပြင်ဆင်ချက် ဆက်တက်ခဲ့ပြီး ခရိုင်တရားရုံးက လက်ခံခြင်း ရှိမရှိကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်းတရားလိုဘက်မှ ပြောကြားသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly