ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်မည်

27 August 2019
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်မည်

မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကူညီလှူဒါန်းရန် ရန်ပုံငွေ ပန်းချီပြပွဲတစ်ရပ်ကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အနော်ရထာပန်းချီပြခန်း၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီရေဘေးသင့်ပန်းချီပြပွဲမှာ ပန်းချီကားတွေကို မူလတန်ဖိုးထက် ပြည်သူတွေ၊ လှူဒါန်းတဲ့ သူတွေ လက်ထဲကိုလည်း စျေးနှုန်းချိုသာစွာနဲ့ ရောက်ရှိသွားစေချင်တဲ့ စေတနာနဲ့ ပြုလုပ်ထားပါတယ်။ ကျသင့် တန်ဖိုးရဲ့ သုံးပုံတစ်ပုံလောက်သာ အခကြေးငွေယူပြီးတော့ ကျွန်တော်တို့ ရောင်းချပြီး ရတဲ့ငွေတွေကို ဒီ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု အနော်ရထာပန်းချီပြခန်းကို တည်ထောင်သူ ဦးမျိုးသော်က ပြောသည်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59999
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly