မဇ္ဈိမ သော့လှုပ်ရှားမှုအတွက် ရေးတဲ့စာ

မဇ္ဈိမ သော့လှုပ်ရှားမှုအတွက် ရေးတဲ့စာ

လွတ်လပ်သော မီဒီယာအတွက် သော့တချောင်းပိုင်ဆိုင်လိုက်ပါ

အားလုံးမင်္ဂလာပါ

လွတ်လပ်တဲ့ မီဒီယာလုပ်ငန်းကြီး တိုးတက်အောင်လုပ်ဖို့ ရန်ကုန်မြို့မှာ မဇ္ဈိမရုံး အဆောက်အဦး ဆောက်လုပ်ဖို့ လိုအပ်နေပါတယ်။ ဒီအတွက် ရန်ပုံငွေရှာဖွေတဲ့ မဇ္ဈိမ သော့လှုပ်ရှားမှုကို ကျနော်တို့ ဘယ်လိုလုပ်ဆောင်နေတာကို ရှင်လင်းတင်ပြတဲ့စာတစောင် ကျနော်နောက်ဆုံးရေးခဲ့တာ ၂၀၁၉၊ ဂျူလိုင် ၃ ရက်မှာဖြစ်ပါတယ်။ 

ဝယ်ယူမယ်လို့ ကတိကဝတ်ပြုထားတာကို မဇ္ဈိမသော့လှုပ်ရှားမႈႈက လက်ခံရရှိတာ ခုဆိုရင် သော့ပေါင်း (၁၇၂) ချောင်းရှိပါပြီ။ မြန်မာကျပ်ငွေ (၈၈၆၅၀၀၀) ရှိပါပြီ။ ကျနော်တို့ကို ထောက်ခံအားပေးသူတွေရဲ့ အမည်စာရင်းကို http://building.mizzimafoundation.org/mizzima-key-campaign/ မှာသွားရောက် ကြည့်နိုင်ကြပါတယ်။ 

ဝမ်းသာစရာသတင်းကောင်းကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဒေါ်ခင်အိအိကြွယ်တို့က အမေရိကန်ဒေါ်လာ ၁၀၀ တန် သော့တချောင်းစီ မဇ္ဈိမသော့လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ဝယ်ယူအားပေးခဲ့ကြတာပါ။ ဒါ့အပြင် မဇ္ဈိမရုံး အဆောက်အဦအတွက် ရန်ကုန်မြို့ သင့်တော်တဲ့နေရာမှာ မြေနေရာတကွက်ရှာဖွေဝယ်ယူနိုင်ဖို့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း စဉ်းစားပေးပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအမျိုးသမီးတဦးထံက ဖုန်းခေါ်ဆိုလာတာကို လက်ခံရရှိခဲ့တာကြောင့်လည်း ကျနော်အလွန်ဘဲ စိတ်လှုပ်ရှားခဲ့ရပါတယ်။ သူ့ဂျပန်လူမျိုးမိတ်ဆွေတဦးက မဇ္ဈိမသော့လှုပ်ရှားမှုအတွက် အမေရိကန်ဒေါ်လာ ၁၀၀ တန် သော့တချောင်း ဝယ်ယူမယ်လို့ သူကပြောကြားလာခဲ့ပြီး ဝယ်ယူအားပေးခဲ့ပါတယ်။ 

မဇ္ဈိမမီဒီယာရဲ့ (၂၁) နှစ်မြောက်နှစ်ပတ်လည်နေ့ကို မဇ္ဈိမဝန်ထမ်းတွေနဲ့ မဇ္ဈိမကို ထောက်ခံအားပေးကြသူများက ပျော်ရွင်ဖွယ်ကောင်းလှတဲ့ ညစာစားပွဲကို ၁၇ သြဂုတ် ၂၀၁၉ နေ့က ရန်ကုန် မြို့မှာကျင်းပခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း မဇ္ဈိမ မီဒီယာအုပ်စုက စိုက်ထူနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်လေးတွေကို အမှတ်တရဖာ်ပြလိုက်ပါတယ်။ 

ဒီဓာတ်ပုံတွေကိုကြည့်ရင် ကျနော်တို့ရဲ့ မီဒီယာလုပ်ငန်းကိုတိုးချဲ့လာတာနဲ့အမျှ မဇ္ဈိမ ဝန်ထမ်းဦးရေလည်း တိုးတက်လာခဲ့တာ တွေ့ရမှာပါ။ ၂၀၁၀ ခုနှစ်က ဝန်ထမ်း ၃၀ တောင်မပြည့်ရာကနေ ခုတော့ သတင်းခန်းမှာဝန်ထမ်းဦးရေ ၁၁၀ ကျော်နဲ့ လည်ပတ်နေတဲ့ ခိုင်ခိုင်မာမာမီဒီယာလုပ်ငန်းကြီး ဖြစ်နေပါပြီ။ အဲဒီဝန်ထမ်းတွေထဲက တဝက်ကျော်ဟာ အသက် ၂၀ နဲ့ ၃၀ ကြားရှိတဲ့ လူငယ်တွေဖြစ်ကြပါတယ်။ ထိပ်ပိုင်းခါင်းဆောင်ဝန်ထမ်းအများစုဟာ အသက် ၄၀ အောက်တွေဖြစ်ကြပါတယ်။ ဒီငယ်ရွယ်တဲ့ မဇ္ဈိမအဖွဲ့ဝင်တွေနဲ့ လာမဲ့အနာဂတ်အဖွဲ့ဝင်တွေအတွက် ရန်ကုန်မြို့မှာ မဇ္ဈိမအတွက် ရုံးအဆောက်အဦး ကျနော်တို့ဆောက်လုပ်ကြပါမယ်။ ဘာလို့လဲဆိုတော့သူတို့ဟာ မဇ္ဈိမရဲ့ အနာဂတ်ဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်ကိုလဲ ကိုယ်စားပြုနေလို့ပါ။ ဒီမိုကရေစီဖြစ်စဉ်ကို ရှေ့တိုးဆောင်ရွက်ဖို့ ကျနော်တို့မြန်မာနိုင်ငံဟာ မဇ္ဈိမလိုလွတ်လပ်တဲ့ မီဒီယာတခု တကယ်ပဲလိုပါတယ်။ ဒီအရာအောင်မြင်ဖို့ မဇ္ဈိမသော့လှုပ်ရှားမှုကို ထောက်ခံအားပေးမယ့်သူတွေဟာ အရေးပါတဲ့ကူညီထောက်ပံ့သူတွေပါပဲ။
 

မြန်မာနိုင်ငံဟာလာမယ့် ၂၀၂၀ နိုဝင်ဘာ မှာ အထွေထွေရွေးကောက်ပွဲကို ထပ်မံကျင်းပတော့မှာဖြစ်ပါတယ်။ မဇ္ဈိမကလည်း ဒီရွေးကောက်ပွဲသတင်းတွေကို တင်ဆက်ပေးဖို့ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်အတွက် သက်သေအထောက်အထားတခု မှတ်ကျောက်တခုဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲသတင်းတွေကို မီဒီယာစင်မြင့်မျိုးစုံဖြစ်တဲ့ အသံလွှင့်၊ ဒစ်ဂျစ်တယ်၊ ပုံနှိပ်၊ လူမှုမီဒီယာ မျိုးစုံကနေ တနိုင်ငံလုံးကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြောင်း သတင်းတွေတင်ဆက်နိုင်ဖို့ ဒေသတွင်းနဲ့နိုင်ငံတကာမီဒီယာတွေကို ရန်ကုန်မြို့က မဇ္ဈိမရုံးအဆောက်အဦမှာ လိုအပ်တဲ့အခြေခံအဆေက်အအုံနဲ့ ကျွမ်းကျင်မှုတွေကို ပေးအပ်နိုင်ဖို့လဲ ကျနော်တို့မျှော်မှန်းထားပါတယ်။

ကျနော်တို့ကို ထောက်ခံအားပေးသူတွေနဲ့ စေတနာရှင်တွေကို ကျနော်တို့ရဲ့ မဇ္စျိမသော့ လှုပ်ရှားမှုအစီအစဉ်မှာ လာမယ့် ရက်၃၀ အတွင်း သော့တွေ ပိုမိုဝယ်ယူခြင်းအားဖြင့် အားပေးကူညီကြပါဦးလို့ ပန်ကြားလိုက်ပါတယ်။

တဦးချင်းအလှူရှင် (ပုံစံ - က)        - ၃၀,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂၀)
တဦးချင်းအလှူရှင် (ပုံစံ - ခ)       - ၇၅,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၅၀)
တဦးချင်းအလှူရှင် (ပုံစံ - ဂ)       - ၁၅၀,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁၀၀)
အဖွဲ့အစည်းအလိုက် အလှူရှင် (ပုံစံ - က)   - ၇၅၀,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၅၀၀)
အဖွဲ့အစည်းအလိုက် အလှူရှင် (ပုံစံ - ခ)      - ၁,၅၀၀,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁,၀၀၀)
အဖွဲ့အစည်းအလိုက် အလှူရှင် (ပုံစံ - ဂ)       - ၃,၀၀၀,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂,၀၀၀)

ငွေပို့ပေးရန်နည်းလမ်း

ငွေစာရင်းအမည်             - မဇ္ဈိမ ဖောင်ဒေးရှင်း
ငွေစာရင်းအမှတ်             - ၀၀၀၂၆၀၀၃၀၀၀၀၁၁၀၄
ဘဏ်အမည်                  - စီဘီဘဏ်
ဘဏ်ခွဲလိပ်စာ               - ပုဇွန်တောင်ဘဏ်ခွဲ
ငွေစာရင်းပိုင်ရှင်၏ မြန်မာလိပ်စာ    - ၀၀၃ လိပ်ကန်ကွန်ဒို၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ မြန်မာ 
ကျေးဇူးတင်စွာဖြင့်

မဇ္ဈိမတည်ထောင်သူနှင့် အယ်ဒီတာချုပ် စိုးမြင့်

အသေးစိတ်မေးမြန်းရန်နှင့် ဆက်သွယ်ရန်
Email – [email protected]
Mobile – +95 – 942 1010 100
Website – http://building.mizzimafoundation.org

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly