ပုသိမ်တွင် အုပ်စုဖွဲ့ပြီး ဓားကိုင်ရမ်းကားသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးထား

ပုသိမ်တွင် အုပ်စုဖွဲ့ပြီး ဓားကိုင်ရမ်းကားသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးထား

ပုသိမ်၊ သြဂုတ် ၂၇ ။        ။ ပုသိမ်မြို့၊ မြကျွန်းသာတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများကို ဓားကိုင်ရမ်းကားခဲ့သူ လူငယ် ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ႔မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

“ဝင်ရိုက်ခံရတဲ့ ဆိုင်ကယ်စီးတဲ့ လူငယ် ခြောက်ယောက်ပေါ့။ ငါးဦးက သာမန်ဒဏ်ရာရပြီးတော့ တစ်ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ သူတို့ ရန်ဖြစ်နေတာကို ဝင်ဖျန်ဖြေတဲ့ အမျိုးသမီးတစ်ယောက်က သာမန် ဒဏ်ရာ ရတယ်။ အမျိုးသားတစ်ယောက်က ဓားထိုးခံရပြီး၊ ပြင်းထန်တဲ့ဒဏ်ရာ ရတယ်”ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ႔မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ပုသိမ်မြို့နယ်၊မြကျွန်းသာအိမ်ရာတွင် ဒေါ်ရွှေမှုံပါ လေးဦးမှာ ဆိုင်ကယ်စီးသင်နေစဉ် လမ်းဘေးတွင် လူငယ်တစ်ဦး မျက်နှာတွင် သွေးများဖြင့် လမ်းပေါ်သို ့ လေးဖက်ထောက် တက်လာသည်ကို မြင်တွေ ့ရသဖြင့် ကူညီရန် ဆိုင်ကယ်ရပ်လိုက်ရာ လူငယ်များမှာ ဒေါ်ရွှေမှုံနှင့်ပါသူ နှစ်ဦးအား ဓားဖြင့် လိုက်ထိုးခဲ့သည်ဟု သိရသည်။ လူငယ်တစ်ယောက်မှာ ပြေးလာပြီး ဓားဖြင့်ထိုးရန် လုပ်ခဲ့ပြီးမှ ဓားနှောင့်( ဓားရိုးလက်ကိုင်)ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေါ်ရွှေမှုံ၏ ပြောဆိုချက်အရ သိရသည်။

လမ်းသွားလမ်းလာ ခြောက်ဦးကို ရန်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ဦးမှာ ဆေးရုံတက်ကုသနေရကာ ကျူးလွန်သူများမှာ လူငယ် ၁၀ ဦး ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်ည ပိုင်းတွင် ကျူးလွန်သူ လူငယ် ခုနစ်ဦးကို ဖမ်းမိခဲ့ပြီး ကျန် သုံးဦးကို သြဂုတ် ၂၆ ရက်နေ့က ဖမ်းဆီးရမိပြီး မည်သည့်အကြောင်းရင်းကြောင့် ယင်းကဲ့သို့ ကျူးလွန်ရသည်ကို ရဲတပ်ဖွဲ့မှ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ထားကာ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly