မီးပြတ်မှုကြောင့် အခက်ကြုံနေကြရတဲ့ မြန်မာ e-sports ကစားသမားများ

မီးပြတ်မှုကြောင့် အခက်ကြုံနေကြရတဲ့ မြန်မာ e-sports ကစားသမားများ

သြဂုတ် ၂၇ ။          ။ မြန်မာ e-sports ကစားသမားတစ်ဦးဖြစ်တဲ့ ကိုမြင့်မြတ်ဇော်ရဲ့ DOTA2 ချန်ပီယံတစ်ဦးအဖြစ် သုံးနှစ်တာ ဖြတ်သန်းခဲ့မှုကတော့ ယခုအခါ ရန်ကုန် လျှပ်စစ်မီးပြတ်တောက်မှု၊ အခြေခံအဆောက်အအုံပိုင်း အားနည်းမှုတို့ကြောင့် ထိခိုက်မှုတွေ ဖြစ်ပြီး ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရလျက် ရှိပါတယ်။

သို့ပေမယ့် လူငယ်တွေဟာ မိုဘိုင်းဖုန်းနဲ့ သီးသန့်ကစားနိုင်တဲ့ ဗီဒီယိုဂိမ်းတွေဘက် အာရုံကျလာတာနဲ့အတူ မြန်မာ e-sports အသိုင်းအဝိုင်းမှာလည်း လူအများရဲ့ စိတ်ဝင်စားမှုကို တစ်ဟုန်ထိုး တိုးတက်ရရှိလာနေတာကို တွေ့မြင်ထားရပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင် ဒီလိုအနေအထားတွေဟာ ဖြစ်နိုင်ခြေ မရှိသလောက် သတ်မှတ်ခံထားခဲ့ရပါတယ်။

“ မီးပြတ်သွားတိုင်း လျှပ်စစ်ဓာတ်အားပေးအဖွဲ့ကို ကျွန်တော်တို့ ဆဲကြပါတယ်၊ ဒါကလည်း မကြာမကြာဆိုသလို ဖြစ်နေတာပါ၊ ခုဆိုရင် ကျွန်တော်ရဲ့ ကစားတဲ့ သက်တမ်းမှာ ရှုံးတဲ့ ပွဲအရေအတွက်က ၄၀ လောက်တောင် ရှိနေပါပြီ၊ အဓိကကတော့ မီးပြတ်တဲ့အတွက်ကြောင့်ပါ” လို့ ကိုမြင့်မြတ်ဇော်က ပြောပါတယ်။

“ ကျွန်တော်တို့ကတော့ ကစားသမားတွေကို ဖိလစ်ပိုင်ကို လွှတ်နိုင်ဖို့အတွက် ကူညီမယ့် ပါ့တနာတွေကို ကျွန်တော်တို့ ရှာနေရဆဲပါ၊ ဒါနဲ့ပတ်သက်လို့ အစိုးရဆီကနေ အကူအညီ အများကြီး မယူချင်ပါဘူး၊   ဘာလို့ဆိုတော့ အစိုးရကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးလေ” ဆိုပြီး HOG E-sports စင်တာ ပူးတွဲတည်ထောင်သူ ကိုကောင်းမြတ်စံ က ပြောသွားခဲ့ပါတယ်။

“ ဒီက ကစားသမားတွေထဲမှာ ဆိုရင် အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်၊ သူတို့အတွက်ကတော့ လုံလောက်တဲ့ ပံ့ပိုးမှုတွေ မရှိသေးပါဘူး၊ ဒီကစားသမားမျိုးတွေကို တက်လမ်းရှိအောင် လုပ်ပေးဖို့က စိန်ခေါ်မှုတစ်ခုလို ဖြစ်နေပါတယ်၊ ဒီတော့ အားလုံးကို အကောင်းဆုံး ပြည့်ပြည့်စုံစုံဖြစ်အောင် လုပ်နိုင်ဖို့ လိုပါတယ်၊ ဒါမှလည်း e-sports အသိုက်အဝန်းကက ပြီးပြည့်စုံတဲ့ အသိုက်အဝန်းတစ်ခု အဖြစ် ပေါ်ထွက်လာမှာပါ” လို့ စင်ကာပူအခြေစိုက် e-sports အသင်း Impunity ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနမန်နေဂျာ ဘရိုင်ယန် မင်းဆက် က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly