အီရန်သမ္မတ ရိုဟာနီ နှင့် တွေ့ဆုံဆွေးနွေးရန် မိမိဘက်က အသင့်ရှိဟု ထရမ့် ပြောကြား

အီရန်သမ္မတ ရိုဟာနီ နှင့် တွေ့ဆုံဆွေးနွေးရန် မိမိဘက်က အသင့်ရှိဟု ထရမ့် ပြောကြား

သြဂုတ် ၂၇ ။              ။ သင့်တော်မှန်ကန်တဲ့ အခြေအနေတစ်ခုအောက်မှာ အီရန် သမ္မတ ဟာဆန် ရိုဟာနီ နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့် ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က ပြင်သစ်နိုင်ငံက G7 ထိပ်သီးအစည်းအဝေးမှာ ကြိုတင်မကြေညာဘဲ အီရန် နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခဲ့ပြီးနောက် ယခုလို ထရမ့်ရဲ့ ထုတ်ဖော်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

၎င်းအနေနဲ့ လာမယ့် သီတင်းပတ်တွေအတွင်း အီရန် သမ္မတနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင်း G7 အစည်းအဝေးမှာ ထရမ့်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို ကန့်သတ်မယ့် ၂၀၁၅ သမိုင်းဝင် စာချုပ်ကနေ ယမန်နှစ်က ၀ါရှင်တန် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်းကတည်းက အီရန်နဲ့ အမေရိကန်အကြား ဆက်ဆံရေး ဆိုးဝါးပြီး တင်းမာမှုတွေ ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီရန်နဲ့အကြား နျူကလီးယား စာချုပ်သစ်တစ်ခု ချုပ်ဆိုနိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ ခံစားချက်တွေ သူ့မှာ ရှိနေပါတယ်ဆိုပြီး သြဂုတ် ၂၆ ရက်မှာ ထရမ့်က ပြောသွားခဲ့ပါတယ်။

ယင်းနေ့ အစောပိုင်းတုန်းကလည်း အီရန် သမ္မတ မစ္စတာ ရိုဟာနီကလည်း ၎င်းအနေနဲ့ အီရန်အတွက် အကျိုး ရှိစေမယ်လို့ ခံစားရမယ်ဆိုပါက ဘယ်သူနဲ့ မဆို တွေ့ဆုံဖို့ အသင့်ပါပဲလို့ ပြောထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly