မုံရွာတွင်  မူးယစ်ဆေးဝါးများ ဖမ်းမိ

မုံရွာတွင်  မူးယစ်ဆေးဝါးများ ဖမ်းမိ

မုံရွာ ၊သြဂုတ် ၂၆ ။           ။ မြဝတီရပ်ကွက် နေထိုင်သူ အောင်လှိုင်ဝင်း အား   မုံရွာမြို့ ကားကြီးကွင်း (က.ည.န)ရုံးအနီးတွင်  မူးယစ်ဆေးဝါးများနှင့် သြဂုတ်လ ၂၆ ရက် (ယနေ့) နံနက် ၉ နာရီအချိန်က ဖမ်းဆီးရမိခဲ့ပြီး   ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုများ အမှုရေးဖွင့်ခြင်းများ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများထံက သိရသည်။

အဆိုပါ အောင်လှိုင်ဝင်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ဝကျော်၊ ဘိန်းဖြူ များထည့်ထားသည့် ဆပ်ပြာခွက် နှစ်ခွက်၊ ဘိန်းဖြူထည့်ထားသည့် ပင်နယ်စလင်ပုလင်း သုံး ပုလင်း၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၂၅ ဂရမ် ခန့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် အောင်လှိုင်ဝင်းဆိုသူသည် ယခင်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ ယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ပြောဆိုမှုများရှိသည့် အတွက် အဆိုပါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား ဆက်သွယ် မေးမြန်ရာ  “ကျွန်တော့်ယာဉ်မောင်း မဟုတ်ပါဘူး။ ကြုံတဲ့သူကို ခေါ်မောင်းတာပါ။ အလကားနေရင်း ကျွန်တော့် ကို နိုင်ငံရေးသမားတစ်ယောက်မို့ ကြံဖန်ပြီး ပြသနာရှာတာပါ။ သူကလဲ ကြုံရာမောင်းတဲ့ ကားဆရာ ပါပဲ။ ကျွန်တော်ကားကို မောင်းဘူးပေမယ့် ကျွန်တော်ကားဆရာတော့ မဟုတ်ပါဘူး” ဟု  မဇ္စျိမသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးပြသနာနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ရှိနေပြီး တိုင်းအတွင်း တစ်နေ့လျှင် မူးဆေးဝါး (၈) မှုခန့်အထိဖမ်းဆီးရမိကြောင်း နယ်စပ်ရေးဝန်ကြီးမှ ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly