မြို့တော်သစ် တည်နေရာအတွက် ဘော်နီယိုကျွန်း အရှေ့ခြမ်း ဧရိယာကို အင်ဒိုနီးရှား အစိုးရ ရွေးချယ်

မြို့တော်သစ် တည်နေရာအတွက် ဘော်နီယိုကျွန်း အရှေ့ခြမ်း ဧရိယာကို အင်ဒိုနီးရှား အစိုးရ ရွေးချယ်

သြဂုတ် ၂၆ ။          ။ နိုင်ငံရဲ့ မြို့တော်သစ်အတွက် တောအုပ်ထူထပ်တဲ့ ဘော်နီယိုကျွန်း အရှေ့ဘက်အစွန်းဆုံး ဧရိယာကို ရွေးချယ်ထားကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက သြဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှား အစိုးရအနေနဲ့ ယင်းရဲ့ အစိုးရရုံးစိုက်ရာ မြို့တော် နေရာကို လက်ရှိမှာ လူနေထူထပ် ကျပ်တည်းနေတဲ့ လက်ရှိမြို့တော် ဂျကာတာကနေ ပြောင်းရွှေ့ဖို့ စိုင်းပြင်းလုပ်ဆောင်လာနေလျက် ရှိပါတယ်။

မြို့တော်သစ်အတွက် ရွေးချယ်ထားတဲ့ အဆိုပြု နေရာကတော့ အရှေ့တောင်အာရှ ကျွန်းစုရဲ့ ဗဟိုချက်နေရာထဲမှာ ရှိနေကြောင်း၊ အစိုးရအနေနဲ့ မြေနေရာ ၁၈၀,၀၀၀ ဟက်တာ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ဧရိယာတစ်ခုလည်း ရှိကြောင်း အင်ဒိုသမ္မတက ဖြည့်စွက် ပြောကြားသွားပါတယ်။

အရှေ့ ကာလီမန်တန် ပြည်နယ်ထဲမှာ ရှိနေတဲ့ ယင်း အဆိုပြုနေရာကတော့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ရနိုင်ခြေ အနည်းဆုံး နေရာတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါ မြို့တော်သစ် နေရာပြောင်းရွှေ့မှုကို မူကြမ်းရေးဆွဲပြီး ပါလီမန်သို့ တင်ပြသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ယင်း ပရောဂျက်အတွက် ခန့်မှန်းကုန်ကျစရိတ်ကတော့ ကန်ဒေါ်လာ ၃၃ ဘီလီယံခန့် ရှိမယ်လို့ ၎င်းက ခန့်မှန်း ပြောဆိုသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly