လူ ၉၀၀ နီးပါး ပါဝင်သည့် မက္ကဆီကို ကျေးလက်ရိုးရာအက တင်ဆက်မှု ဂင်းနစ် စံချိန်တင်

လူ ၉၀၀ နီးပါး ပါဝင်သည့် မက္ကဆီကို ကျေးလက်ရိုးရာအက တင်ဆက်မှု ဂင်းနစ် စံချိန်တင်

သြဂုတ် ၂၆ ။           ။ မက္ကဆီကိုနိုင်ငံ ဂွာဒါလာဂျာရာ မြို့မှာ သဘင်သည် (အကသမား) အယောက် ၉၀၀ နီးပါး စုပေါင်းပြီး မက္ကဆီကို ကျေးလက်ရိုးရာ အကကို ကပြတင်ဆက်ကာ ကမ္ဘာ့အကြီးဆုံး ကျေးလက်ရိုးရာအက တင်ဆက်မှုအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မက္ကဆီကို အကသမားတွေကတော့ Mariachi ဂီတနဲ့ စည်းချက်ညီစွာဖြင့် ခန္ဓာကိုယ် ချာချာလှည့်ရင်း ခြေထောက် ဆောင့်နင်းမှု တို့နဲ့အတူ ယင်း ကျေးလက်ရိုးရာအကကို ညီညာစွာ ကခဲ့ကြပါတယ်။

အပူရှိန် ပြင်းထန်မှုက အမျိုးသား ၊ အမျိုးသမီး အကသမား ၈၈၂ ဦး တို့ရဲ့ စိတ်အားထက်သန်မှုအတွက် အနှောင့်အယှက် ဖြစ်စေခဲ့ခြင်း မရှိပါဘူး။

၎င်း မက္ကဆီကို အကသမားတွေကတော့ သြဂုတ်လ ၂၄ ရက်က အရောင်တောက်တောက် ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ပြီး ယင်း တင်ဆက်မှုကို စုပေါင်းလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ ၂၀၁၁ ခုနှစ်က ဂွာဒါလာဂျာယာမြို့မှာပဲ အကသမား ၄၅၇ ဦး တို့ ကျေးလက်ရိုးရာအက တင်ဆက်ပြီး စံချိန်တင်ထားခဲ့မှုကို ကျော်ဖြတ်ပြီး သြဂုတ် ၂၄ ရက် အကသမား ၉၀၀ နီးပါး အုပ်စုရဲ့ တင်ဆက်မှုက ဂင်းနစ် စံချိန်သစ် တင်လိုက်နိုင်တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly