The International Dota 2 ရဲ့ ဗိုလ်လုပွဲမှာ ဆုကြေး ဒေါ်လာ (၁၅)သန်းကျော် ရရှိသွားတဲ့ OG အသင်း

The International Dota 2 ရဲ့ ဗိုလ်လုပွဲမှာ ဆုကြေး ဒေါ်လာ (၁၅)သန်းကျော် ရရှိသွားတဲ့ OG အသင်း
Photos: AFP

Valve ကုမ္ပဏီမှ ကြီးမှူးကျင်းပတဲ့ The International Dota 2 ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ Grand Final မှာ OG အသင်းဟာ Team Liquid ကို အနိုင်ရရှိခဲ့ပြီး eSports စံချိန်တင်ဆုကြေးငွေ ဒေါ်လာ (၃၄.၃)သန်းကနေ ဒေါ်လာ (၁၅.၄)သန်း ရရှိသွားပါတယ်။

တနင်္ဂနွေနေ့က ဒီပွဲကို အွန်လိုင်းကနေ (၆)သိန်းကျော်က ကြည့်ရှုခဲ့သလို ရှန်ဟိုင်းမြို့ Mercedes-Benz Arena  မှာလည်း ထောင်ပေါင်းများစွာက အားပေးကြည့်ရှုခဲ့ပါတယ်။

TI9 ချန်ပီယံဆုကို ရယူနိင်ခဲ့တဲ့ OG ကတော့ သမိုင်းတစ်လျှောက် ပထမဆုံး TI ချန်ပီယံဆု ၂ ကြိမ်မြောက်ကိုရယူနိင်ခဲ့တဲ့အသင်းဖြစ်လာသလို နှစ်ကြိမ်ဆက်ရယူနိင်တဲ့အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

အခုဆုကြေးဟာ eSports သမိုင်းတစ်လျှောက် အမြင့်ဆုံးဆုကြေး မဟုတ်ပေမယ့် အသင်းအဖွဲ့ဝင် (၅)ဦးက ငွေကြေးများစွာ အချိုးကျရရှိလာနိုင်မှာဖြစ်ပါတယ်။

ဗိုလ်စွဲခဲ့တဲ့ OG အသင်းဟာ ရရှိခဲ့တဲ့ ဆုကြေး ဒေါ်လာ (၁၅.၆)သန်းအတွက် အသင်းကစားသမားတစ်ဦးစီက (၃.၁)သန်းရရှိမှာဖြစ်ပါတယ်။

ဒါဟာ ၂၀၁၉ Masters ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်ရရှိခဲ့တဲ့ ဆုကြေး ဒေါ်လာ (၂.၇)သန်းထက် များတဲ့အပြင် ဝင်ဘယ်လ်ဒန် တစ်ဦးချင်းတင်းနစ်ပြိုင်ပွဲရဲ့ ချန်ပီယံ နိုဗတ် ဂျိုကိုဗစ်နဲ့ ဆီမိုနာဟာလပ်တို့ရရှိတဲ့ တစ်ယောက်ချင်းစီ ဒေါ်လာ (၂.၉)သန်းထက်လည်း များနေပါတယ်။

ဂေါ့ဖ်နဲ့ တင်းနစ်ချန်ပီယံတွေက ပိုမိုကျော်ကြားတာဖြစ်နိုင်ပေမယ့် ထိပ်တန်း eSports ကစားသမားဖြစ်ရင် အလွန်အကျိုးအမြတ်များမယ်ဆိုတဲ့ အတွေးအပေါ် သံသယနည်းနည်းရှိနေကြပါတယ်။

ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ Team Liquid ကလည်း ဒေါ်လာ (၄.၅)သန်း ရှိခဲ့ပြီး အသင်းသားတစ်ဦးစီဆိုရင်တော့ ဒေါ်လာ (၈.၉)သိန်းကျော် ရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက Dota Game ကို အဆင့်မြှင့်တင်ခဲ့တဲ့ Dota 2 ဟာ ကမ္ဘာနဲ့အဝန်း ဆော့ကစားသူ သန်းနဲ့ချီပြီး ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာအနှံ့ပြိုင်ပွဲများစွာ ပြုလုပ်ခဲ့ရာ Professional Dota 2 Players တွေအတွက် ဝင်ငွေကလည်း ဒေါ်လာသန်းနဲ့ သိန်းနဲ့ချီ ရှိနေခဲ့ပါတယ်။

Ref; AFP, Engadget

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly