တောင်ကိုရီးယားသမ္မတ လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

By KBS World
26 August 2019
တောင်ကိုရီးယားသမ္မတ လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

သြဂုတ် ၂၆ ။            ။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ လာမယ့်သီတင်းပတ်မှာ မြန်မာ၊ ထိုင်းနဲ့ လာအို နိုင်ငံတို့ကို ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါဟာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တောင်ကိုရီးယားအကြား  ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တဲ့ သံတမန်ရေးရာ အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ခုလို လာရောက်ဖို့ ရှိနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားသမ္မတဟာ နိုင်ငံသုံးနိုင်ငံကို သွားမယ့် ၎င်းရဲ့ ခြောက်ရက်ကြာ ခရီးစဉ်ကိုတော့ လာမယ့် စက်တင်ဘာ ၁ ရက်မှာ စတင်ထွက်ခွာမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ စတင်မှာ ဖြစ်ပါတယ်။

ယင်းနောက် သမ္မတ မွန်းဟာ စက်တင်ဘာ ၃ ရက်မှာ မြန်မာသို့ ရောက်ရှိလာမှာ ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ယင်းနောက် ၎င်းဟာ လာအိုကို သွားရောက်မှာဖြစ်ပြီး ယင်းနိုင်ငံမှာလည်း နှစ်ရက်တာ နေထိုင်မှာဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှာတော့ တောင်ကိုရီးယားကို ပြန်မယ်လို့ သိရပါတယ်။

အဆိုပါ သတင်းတစ်ပတ်ကြာခရီးစဉ်နဲ့အတူ သမ္မတ မွန်းအနေနဲ့ ၎င်းရဲ့ သမ္မတ ရာထူးသက်တမ်းအတွင်း အာဆီယံ နိုင်ငံ ဆယ်နိုင်ငံစလုံးကို သွားရောက်လည်ပတ်မယ်ဆိုတဲ့ ကတိကဝတ်တစ်ခုကိုလည်း ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly