ထိုင်းတွင် ကက်ဘိနက်ဝန်ကြီးများ ပိုင်ဆိုင်မှုစာရင်းထုတ်ပြန်

ထိုင်းတွင် ကက်ဘိနက်ဝန်ကြီးများ ပိုင်ဆိုင်မှုစာရင်းထုတ်ပြန်

ထိုင်းနိုင်ငံက အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် NACC က အစိုးရကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်ကြွယ်ဝမှု အစီရင်ခံစာကို အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်လိုက်ရာ အစိုးရသစ်ဖွဲ့စည်းပြီးသည့် သြဂုတ်လနောက်ပိုင်း ဝန်ကြီးအဖွဲ့ဝင်များတွင် အချမ်းသာဆုံးသည် ဘဏ္ဍာရေးဝန်ကြီး အပီဆတ်တန်တီဗောရာဝေါင်ဖြစ်သည်။

Krung Thai Bank ဥက္ကဌဟောင်းဖြစ်သူ အပီဆတ်သည် ပိုင်ဆိုင်မှု ဘတ်ငွေ ၃၉၄ ဒသမ ၁ သန်းရှိပြီး ကြွေးမြီကင်းသူတစ်ဦးဖြစ်သည်။ ၎င်းချမ်းသာမှုအများဆုံးမှာ Kryngthai Asset Menagement နှင့် ပုဂ္ဂလိကကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံထားခြင်းဖြစ်သည်။

အပီဆတ်က CP All Plc တွင် ဘတ် ၁၉ ဖိုးရှိ ရှယ်ယာ ၄၀၀၀၀၀၊ Siam Cement Plc တွင် ဘတ်တစ်သန်းဖိုးရှိ ရှယ်ယာ ၂၀၀၀ နှင့် PTT Global Chemical Plc တွင် ဘတ် ၃၄၁၆၀၉ တန်ဖိုးရှိ ရှယ်ယာ ၆၄၇၆ ပိုင်ဆိုင်သည်။

အပီဆတ်၏ နောက်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရအဖွဲ့တွင် စီးပွားရေး အင်ပါယာအရှင်အဖြစ် သတ်မှတ်ခံရသည့် လက်ထောက်ဝန်ကြီးချုပ် ဆွမ်ကစ်ဂျာတူသရီပီတက်က ပိုင်ဆိုင်မှုက ၁၄၆ ဒသမ ၉ သန်းရှိပြီး အကြွေးကင်းစင်သူဖြစ်ကြောင်း အကျင့်ပျက်ခြစားရေးစောင့်ကြည့်ရေးအဖွဲ့သို့ ကြေညာခဲ့သည်။

ယခင်လက်ထောက်ဝန်ကြီးချုပ်ဖြစ်သူ ပရီဒီယတ်သရွန်က သြဂုတ်လအတွင်း ရာထူးမှ ဖယ်ပေးချိန်က ၁ ဒသမ ၃ ဘီလီယံ ပိုင်ဆိုင်ကြောင်း ကြေညာထားခဲ့သည်။

ထိုပြင် ထက်ထောက်ကုန်သွယ်ရေးဝန်ကြီး ဆူဗတ်မီဆင်စီ၏ ပိုင်ဆိုင်မှုသည်လည်း ဘတ် ၉၇ ဒသမ ၃ သန်းရှိကြောင်း NACC က ကြေညာခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly