ရခိုင်ပြည်နယ်က မြေစာပင် ဒေသခံလူထုဘဝ

26 August 2019
ရခိုင်ပြည်နယ်က မြေစာပင် ဒေသခံလူထုဘဝ

“ဘာမှမသိတဲ့သူတွေကို စိတ်မကောင်းဘူးပေါ့။ အဲဒါ တစ်ခုပဲသိတယ်။ အဲ့ဒါလေးပါပဲ သူတို့ကိုလည်း ဘာဒေါသမှ မရှိပါဘူး။ ကိုယ်တွေ ကမဆိုင်တဲ့သူတွေဆိုတော့လေ။ အဲ့ဒါ တစ်ခုပဲ သိတယ်”

သူကတော့ မခင်ဝင်းရွှေပါ။ ဒေသခံရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး သမီးတစ်ယောက်မိခင်ဖြစ်တဲ့ မခင်ဝင်းရွှေက ကျောကုန်းမာ ကျည်ဆန်စိုက်ဝင်ခဲ့မှုကြောင့် ရန်ကုန်ဆေးရုံကြီးကို ကုသဖို့ ရောက်ရှိလာသူပါ။ 

မခင်ဝင်းရွှေရဲ့ ကျောကုန်းညာဘက်ခြမ်းကို ထိမှန်တဲ့ကျည်ဆန်ဟာ အာရုံကြောရိုးမကို ထိနေတာကြောင့် ခန္ဓကိုယ်အောက်ပိုင်း လှုပ်ရှားမရဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်  ခွဲစိတ်ကုသဖို့ စစ်တွေဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သြဂုတ်လ ၂၄ ရက်နေ့ညပိုင်းက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ရိုက်ကူး၊ တည်းဖြတ်-စိုးသူအောင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly