ဘရာဇီး အမေဇုန်မိုးသစ်တောမှာ တောမီးအသစ် ရာနဲ့ချီ လောင်ကျွမ်းနေ

ဘရာဇီး အမေဇုန်မိုးသစ်တောမှာ တောမီးအသစ် ရာနဲ့ချီ လောင်ကျွမ်းနေ

သြဂုတ် ၂၅ ။          ။ ဘရာဇီးနိုင်ငံ အမေဇုန်မိုးသစ်တောထဲမှာ တောမီး အသစ်ပေါင်း ရာနဲ့ချီ လောင်ကျွမ်းနေကြောင်း သြဂုတ် ၂၄ ရက် ထုတ်ပြန်တဲ့ တရားဝင်  ဒေတာ ကိန်းဂဏာန်းတွေအရ သိရပါတယ်။

နှစ်များစွာအတွင်း အဆိုးဝါးဆုံး လောင်ကျွမ်းနေတဲ့ တောမီးတွေကို ကူညီငြိှမ်းသတ်ဖို့ တပ်ဖွဲ့ဝင်အင်အား ထောင်နဲ့ချီကိုလည်း တပ်ဖြန့်ထားပါတယ်။

အဆိုပါ အမေဇုန် တောမီး လောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်တွေအတွင်း ကမ္ဘာတစ်ဝှမ်းလုံးကလည်း စိုးရိမ်ပူပန်မှု၊ ပြစ်တင်မှုတွေကို ထုတ်ဖော်ထားခဲ့ကြပါတယ်။

တောမီးတွေကနေ ထွက်နေတဲ့ မီးခိုးလုံးကြီးတွေ အနောက်မြောက်ပြည်နယ် Rondonia တစ်ခွင်မှာ တလိပ်လိပ် တက်နေတာကို သြဂုတ် ၂၃ ရက်က တွေ့မြင်ခဲ့ရတယ်လို့ ယင်း ဧရိယာပေါ်ကနေ လေယာဉ်နဲ့ ဖြတ်သွားခဲ့တဲ့ AFP သတင်းထောက်တွေက ပြောပါတယ်။

ကမ္ဘာ့ အကြီးဆုံးသော မိုးသစ်တောကြီးမှာ တောမီးတွေလောင်ကျွမ်းနေမှုက ကမ္ဘာတစ်ဝှမ်းလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သလို ပြင်သစ်နိုင်ငံတောင်ပိုင်း Biarritz မြို့မှာ ကျင်းပမယ့် G7 ထိပ်သီးအစည်းအဝေးမှာလည်း အဓိက ထား ဆွေးနွေးမယ့်  အကြောင်းအရာတစ်ခု ဖြစ်နေလျက်ရှိပါတယ်။

အချက်အလက်တွေအရ ဘရာဇီးမှာ ယခုနှစ်အတွင်း တောမီးပေါင်း ၇၈,၃၈၃ ခု လောင်ကျွမ်းခဲ့ပြီး ယင်းကတော့ ၂၀၁၃ နောက်ပိုင်း အမြင့်ဆုံးသော အရေအတွက် ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly