မြောက်ပိုင်းသုံးဖွဲ့ တိုက်ခိုက်မှု မူးယစ်ဆေးဝါးကြောင့်ဟု တပ်မတော်ပြော၊ ပုတ်ခတ်မှုသာဖြစ်ဟုTNLA တုံ့ပြန်

မြောက်ပိုင်းသုံးဖွဲ့ တိုက်ခိုက်မှု မူးယစ်ဆေးဝါးကြောင့်ဟု တပ်မတော်ပြော၊ ပုတ်ခတ်မှုသာဖြစ်ဟုTNLA တုံ့ပြန်
သြဂုတ်လ ၁၅ရက်နေ့က နောင်ချိုမြို့နယ်ဂုတ်တွင်းတံတားမိုင်းခွဲခံရမှုအခြေအနေကိုတွေ့မြင်ရစဉ်။ Photo - AFP

နေပြည်တော်(ဩဂုတ်လ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ််အပါအဝင် နေရာအချို့ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုလိုက်သည်။

“သူတို့ပစ်မှတ်က ဘာလည်းလို့ သုံးသပ်တဲ့အခါကျတော့ သူတို့ လုပ်ဆောင်ချက်က မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိတနဲ့ အခြေအနေက သူတို့ တော်တော်လေး အထိနားသွားတဲ့ သဘော ရှိတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ဩဂုတ်လ ၂၄ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဩဂုတ်လ ၁၅ရက်က ပြင်ဦးလွင်ရှိ တပ််မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုရှိ ဂုတ်တွင်းတံတားနှင့် အနည်းဆုံး နေရာ(၆)ခုကို မြောက်ပိုင်မဟာမိတ် သုံးဖွဲ့က တိုက်ခိုက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်ပြီး တပ်မတော်က ထိုသို့ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မူးယစ်ဆေးဝါး ၁၃၁ဘီလျံဖိုး ဖမ်းဆီးရမိခဲ့ပြီး အများစုမှာ အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားနယ်မြေအတွင်း ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့့၊ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

“မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေက ပမာဏလည်း များပါတယ်။ ဖမ်းဆီးရမိတဲ့ နယ်မြေတွေဟာ ယနေ့ ကျွန်တော်တို့ အကြမ်းဖက်သောင်းကျန်သူလို့ သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တည်ရှိတဲ့ နေရာ၊ သူတို့ လှုပ်ရှားနယ်မြေတွေမှာ တည်ရှိကြောင်း သိရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

တအောန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုများသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုမရှိဘဲ တပ်မတော်၏ ပုတ်ခတ်မှုသာဖြစ်သည်ဟု တုံ့ပြန်သည်။

“ဒါက တမင်သက်သက် ကျွန်တော်တို့ကို ပုတ်ခတ်ပြီး ပြောနေတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး” ဟု မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ရဲ့ ခုခံကာကွယ်စစ် ဖြစ်တယ်။ ထိုးစစ်တွေ များလာတော့ ပြန်လည်ပြီးမှ ဆက်စပ်ပြီးမှ တိုက်ခိုက်တာ ဖြစ်တယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

တပ်မတော် အနေဖြင့် ၂၀၁၈ခုနှစ်အတွင်း တန်ဖိုးအားဖြင့် ကျပ်ဘီလျံ ၁၃၁ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ရာတွင် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် နယ်မြေတွင် ၁ရဘီလျံကျော်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ၄၈ဘီလျံကျော်၊ တြိဂံတိုင်း စစ်ဌာနချုပ်တွင် ၁၅ဘီလျံကျော်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ၁၅ဘီလျံကျော်ဖိုး ရှိခဲ့သည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required