မြန်မာ့ငှက် ဓာတ်ပုံပြပွဲနှင့် ရေတိမ်ဒေသထိန်းသိမ်းရေး ဆွေးနွေးပွဲ ပြုလုပ်

မြန်မာ့ငှက် ဓာတ်ပုံပြပွဲနှင့် ရေတိမ်ဒေသထိန်းသိမ်းရေး ဆွေးနွေးပွဲ ပြုလုပ်
ဓာတ်ပုံ- ကိုကိုအောင်(မဇ္စျိမ)

မြန်မာ့ငှက်ဓာတ်ပုံပြပွဲ နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ရေတိမ်ဒေသထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၄ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ သဘာဝအလှအပ အမွေအနှစ်များကို ပြည်သူလူထုသိရှိစေကာ ချစ်ခင်မြတ်နိုးလာစေရန်နှင့်သဘာဝဂေဟစနစ်အတွက် တန်ဖိုးမဖြတ်နိုင်သော ငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောင့်တတ်လာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပြပွဲကို သြဂုတ်လ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူများထံက သိရသည်။

"ဒီပွဲလုပ်ရတဲ့အကြောင်းကတော့ ငှက်နဲ့ပတ်သက်ပြီး လူတွေစိတ်ဝင်စားအောင်။အဲဒီစိတ်ဝင်းစားအောင်ရဲ့နောက်ဆက်တွဲက ဘာလည်းဆိုရင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုလာမယ်လို့ စိတ်ကူးတဲ့အတွက် ဒီပွဲကိုလုပ်ရတာပါ"ဟု ပွဲစီစဉ်သူ ကိုဖြိုးကပြောသည်။

လက်ရှိတွင် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့်စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အင်းတို့ ပျက်ဆီးနေပြီး ထိန်းသိမ်းရန်လိုအပ်နေသလို မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေတိမ်ဒေသများ တိမ်မြုပ် ပျောက်ကွယ် လာနေခြင်းကြောင့် ငှက်မျိုးစိတ်များလည်း လျှော့နည်းလာကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

ယခုပြုလုပ်သည့် ငှက်ဓါတ်ပုံပြပွဲနှင့်ရေတိမ်ဒေသထိန်းသိမ်းရေးဆွေးနွေးပွဲသို့ သဘာဝကို စိတ်ဝင်စားသူများ၊ ဘာသာရပ်ဆိုင်ရာ ဗဟုသုတ ရှာဖွေသူများ၊ ငှက်ကြည့် ၀ါသနာရှင်များ၊ ခရီးသွား ဧည့်လမ်းညွှန်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ လာရောက်လေ့လာကြရန် ဖိတ်ခေါ်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly