ရေဘေးကြောင့် စားသုံးကုန်များ စျေးမြင့်တက်မှုကြံုနိုင်ဟု အစိုးရနှင့် ကုလအဖွဲ့တို့ ပူးပေါင်း အစီရင်ခံစာ ဖော်ပြ

ရေဘေးကြောင့် စားသုံးကုန်များ စျေးမြင့်တက်မှုကြံုနိုင်ဟု အစိုးရနှင့် ကုလအဖွဲ့တို့ ပူးပေါင်း အစီရင်ခံစာ ဖော်ပြ
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားနှင့် မြန်မာနိုင်ငံဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ(၁၃) ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာ(၂)တွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ - ဦးလွင်

ပြီးခဲ့သည့် ဇွန်လ၊ဇူလိုင်လတွင်ဖြစ်ပေါ်ခဲ့သည် ရေဘေးကြောင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ပျက်စီး ဆုံးရှုံးခဲ့သည့်အတွက် စားသုံးကုန်းများ ဈေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့ရနိုင်ချေ ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏မှ ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။                                      

အဆိုပါအစီအရင်ခံစာကို မြန်မာအစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ နှင့် လူသားချင်းစာနမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများမှ ပူးဆောင်ရွက်ခြင်းဖြစ်ခြင်းဖြစ်ပြီး အစီရင်ခံစာ၌ ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၉ ရက် မှအောက်တိုဘာ ၇ရက်အထိ ဆောင်ရွက်ချက်များကို စုစည်းတင်ပြထားသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အချက်အလက်များအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းပြည်ဝင်ငွေမှာ ၈ ဒသမ ၇ ရာခိုနှုန်းရှိခဲ့ကြောင်း၊၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွက်မျှော်မှန်းချက်မှာ ၉ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် သဘာဝဘေးကြောင့် စီးပွား ရေးဆိုင်ရာ တိုက်ရိုက်ဆုံးရှုံးမှု ၂၃၀ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၁၉၂ ဒသအ ၈ သန်းခန့် ရှိခဲ့ ခြင်းသည် တိုင်းပြည်၏ ဝင်ငွေ မျှော်မှန်းချက်ကို ၀ ဒသမ ၃ ရာခိုင်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် စားသုံးကုန်များ ဈေးနှုန်းကြီး မြင့်မှုကို ကြုံတွေ့ ရနိုင်ချေ ရှိသည်ဟု အစီအရင်ခံစာ၏ ရေဘေးကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှု ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည်။                                                          

ထို့ပြင် စိုက်ပျိုးသီနှံများပျက်ဆီးဆုံးရှုံးမှုကြောင့် တိုင်ပြည်၏ လယ်ယာပို့ကုန်များ လျော့ကျ သွားနိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိမှု လျော့ကျသွားနိုင်ကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးအတွက် ဆန်တင်ပို့မှုကို ယာယီ ကန့်သတ်ထားကြောင်းလည်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ရေးဘေးကြောင့် တိုင်းပြည်ဝင်ငွေအပေါ် အကျိုးသက်ရောက်မှုကို လျော့ချနိုင်ရန်အတွက် ထုတ်လုပ် မှုကဏ္ဍတွင်  ထုတ်ကုန်များတိုးမြင့်စေရန်ဆောင်ရွက်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဲ့သို့သော ဝန်ဆောင်မှုကဏ္ဍများကို အားကောင်းစေရန် ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက် ရန် လိုအပ်ကြောင်းနှင့် ရေးဘေးဒဏ် မကြုံတွေ့ခဲ့ရသည့် ဒေသများရှိ လယ်ယာမြေများကို စိုက်ပျိုး သီနှံများ ပိုမိုစိုက် ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း အစီအရင်ခံစာက အကြံပြု ထားသည်။

ထို့ပြင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့မှ ရေးဘေးတုံ့ပြန်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ၁၈၇ ဘီလီယံကျပ်(အမေရိကန်ဒေါ်လာ ၁၆၅ သန်း) ကျခံသုံးစွဲမည်ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတ အရေးပေါ် ရန်ပုံငွေမှ ၄၂ ဒသမ ၂ ဘီလီယံ ကျပ် (အမေရိကန်ဒေါ် လာ ၃ ဒသမ ၅ သန်း) နိုင်ငံတော်အစိုးရမှ ၆ ဒသမ ၅ ဘီလီယံကျပ် (အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၄)သန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ ၂၂ ဒသမ ၃ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆ သန်း)အပါဝင် ပုဂ္ဂလိကလုပ်ငန်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အ စည်းများ၏ ပါဝင်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်း အစီအရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ အစီအရင်ခံစာကို မြန်မာနိုင်ငံ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Recovery Forum)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တက်ရောက်လာသူများကို ကြည့်ရှုရန် ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly