အမေဇုံတောကြီး စံချိန်တင်မီးလောင်မှုကြီးကြောင့် ရာသီဥတု ပြောင်းလဲမှု ပိုဆိုးဝါးစေနိုင်

အမေဇုံတောကြီး စံချိန်တင်မီးလောင်မှုကြီးကြောင့် ရာသီဥတု ပြောင်းလဲမှု ပိုဆိုးဝါးစေနိုင်

အမေဇုံ၊ သြဂုတ် ၂၃ ။           ။ ဘရာဇီးနိုင်ငံက အမေဇုံ မိုးသစ်တောကြီး စံချိန်တင် အကြီးအကျယ် တောမီးလောင်ကျွမ်းတာဟာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ဆိုးဝါးတဲ့ ထိုးနှက်ချက် ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဘရာဇီးနိုင်ငံရဲ့ အာကာသသုတေသနစင်တာက ၂၀၁၃ ကနေစပြီး စောင့်ကြည့်ခဲ့ရာမှာ အခု အမေဇုံတောကြီးမှာ လောင်ကျွမ်းတဲ့ တောမီးဟာ အမြင့်ဆုံးစံချိန်ပဲ ဖြစ်တယ်လို့ အင်္ဂါနေ့မှာ စင်တာက ထုတ်ပြန်ပါတယ်။

အခုနှစ်မှာ ဘရာဇီးနိုင်ငံအတွင်း မီးလောင်မှုပေါင်း ၇၂၈၄၃ ခု ရှိခဲ့ရာမှာ အမေဇုံဒေသမှာ လောင်ကျွမ်းတာက တစ်သက်ကျော်ဖြစ်တယ်လို့ ယင်းစင်တာက ပြောပါတယ်။ ဒါဟာဆိုရင် ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၈၀ ရာခိုင်နှုန်းကျော် များပြားလာတတာပဲ ဖြစ်ပါတယ်။

အမေဇုံတောကြီးဟာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားခံရတဲ့ မိုးသစ်တောကြီးပဲဖြစ်ပြီး ကမ္ဘာ့လေထုထဲ အောက်ဆီဂျင် ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ရှိပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှု လျော့ပါးရေးမှာလည်း မရှိမဖြစ် မိုးသစ်တောကြီးပဲ ဖြစ်ပါတယ်။ အမေဇုံသစ်တောကြီးအတွင်း နေထိုင်ကျက်စားကြတဲ့ သတ္တဝါမျိုးစိတ်ပေါင်းလည်း မရေမတွက်နိုင်အောင်ရှိပါတယ်။

အမေရိကန််နိုင်ငံ တဝက်စာလောက်ကို ကြီးမားကျယ်ပြောတဲ့ အမေဇုံတောကြီးဟာ ကမ္ဘာမှာ အကြီးဆုံး မိုးသစ်တောကြီးပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly