ပြင်သစ်မှာ အထပ်မြင့် အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပြီး တစ်ဦး သေဆုံး

ပြင်သစ်မှာ အထပ်မြင့် အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပြီး တစ်ဦး သေဆုံး

သြဂုတ် ၂၂ ။            ။ ပြင်သစ်နိုင်ငံ ပါရီမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက အထပ်မြင့် အဆောက်အအုံတစ်လုံးမှာ သြဂုတ်လ ၂၁ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်လို့ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး လူတစ်ချို့ ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

ပါရီမြို့ အရှေ့တောင်ပိုင်းက Creteil အရပ်က Henri-Mondor ဆေးရုံရဲ့ ကပ်လျက် အဆောက်အအုံမှာ ယင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယင်း မီးလောင်မှုမှာ မီးသတ်သမားတွေဟာ နှစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ကြရပြီး သြဂုတ် ၂၂ ရက် မနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ငြိှမ်းသတ်လိုက်နိုင်တယ်လို့ သိရပါတယ်။

မီးကတော့ ယမန်နေ့ ည ၁၁ နာရီခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆေးရုံ ဝန်ထမ်းတွေ နေထိုင်တဲ့ ဆယ်ထပ် အဆောက်အအုံမှာ လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပါရီမြို့ မီးသတ်ဌာန ပြောခွင့်ရသူတစ်ဦးက ပြောသွားပါတယ်။

မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးသွားခဲ့ကြောင်း ၎င်းက ထပ်လောင်း အတည်ပြုသွားခဲ့ပါတယ်။

ယင်း အဆောက်အအုံ မီးလောင်ရခြင်း အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly