အင်ဒိုနီးရှားအစိုးရက မငြိမ်မသက်မှု ဖြစ်ခဲ့တဲ့ ပါပူအာပြည်နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်

အင်ဒိုနီးရှားအစိုးရက မငြိမ်မသက်မှု ဖြစ်ခဲ့တဲ့ ပါပူအာပြည်နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်

သြဂုတ် ၂၂ ။            ။ အင်ဒိုနီးရှားအစိုးရက မငြိမ်မသက်မှုတွေ ပေါ်ပေါက်ထားခဲ့တဲ့ ပါပူအာပြည်နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားကြောင်း ထုတ်ပြန်သွားပါတယ်။

ဒါဟာ အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်တဲ့ ပို့စ်တွေကြောင့် ယင်းဒေသမှာ မတည်မငြိမ်မှုတွေ ထပ်တိုးပေါ်ပေါက်လာနိုင်မယ့်အရေးကို ကာကွယ်နိုင်ဖို့ ခုလို လုပ်ဆောင်တာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ယခုသီတင်းပတ်ထဲမှာ ဆူပူအကြမ်းဖက်မှုတွေနဲ့ ဆန္ဒပြမှုတွေကြောင့် ပူပါအာပြည်နယ်တွင်းက မြို့အများအပြားမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

အဆိုပါ အင်ဒိုနီးရှားရဲ့ အရှေ့ပိုင်းအကျဆုံးဒေသတွေမှာ ဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေအတွင်း အဆောက်အအုံတွေ မီးရှို့ခံရသလို ရဲတွေနဲ့ ဆန္ဒပြသမားတွေအကြား ရန်ပြုတိုက်ခိုက်မှုတွေ ပေါ်ပေါက်ထားခဲ့ပါတယ်။

ယင်း ဒေသတွေမှာ အွန်လိုင်း သွေးထိုးလှုံ့ဆော်မှုတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အင်ဒို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်တွေမှာ အင်တာနက်လိုင်းကို နှေးထားစေခဲ့ပေမယ့် ယခုအခါ လုံးလုံးလျားလျား ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly