ရေဘေးအတွက် အလှူခံရာ ငွေကျပ် သိန်း ၁၅ဝကျော် ရရှိ

ရေဘေးအတွက် အလှူခံရာ ငွေကျပ် သိန်း ၁၅ဝကျော် ရရှိ
ဓာတ်ပုံ - သူရ(မုံရွာ)

မုံရွာ ၊ သြဂုတ် ၂၂ ။        ။ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုကို စစ်ကိုင်းတိုင်း ဒေသကြီး၊မုံရွာမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်အလှူခံခဲ့ရာ အလှူငွေ ကျပ်သိန်း ၁၅ဝကျော် ရရှိခဲ့ကြောင်း ပွဲတာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရသိရသည်။

အဆိုပါရန်ပုံငွေပွဲကို သြဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ ၂၁ ရက်နေ့အထိ ညနေ ၄ နာရီမှ ည ၁၀ နာရီအချိန်ထိ သုံးရက်တာ ကျင်းပခဲ့ခြင်းဖြစ်သည်။

" ပွဲတော်ကနေ ရရှိတဲ့ အလှူငွေတွေကို ဘဏ်မှာအပ်လိုက်ပြီ။ ဘယ်ကိုသွားလှူမယ်ဆိုတာကတော့ အစည်း အဝေးထိုင်နေဆဲဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ သွား ရောက်လှူဒါန်းတဲ့အခါမှာလဲ လိုက်ပါတဲ့ အဖွဲ့တွေ အနေနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရောက်လှူဒါန်းကြမှာပါ " ဟု ချင်းတွင်းမေတ္တာ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုနေဦးမှ မဇ္စျိမသို့ ပြောသည်။

ငွေကျပ် သိန်းတစ်ရာကျော်အပြင် အဝတ်ထုပ်၊ ဆန်အိတ်၊ အိုးခွက်ပန်းကန်များလဲ အလှူခံရရှိခဲ့ပြီး ရန်ပုံငွေပွဲတော်ကို စစ်ကိုင်းတိုင်းဘောလုံးကလပ်၊ သုခုမရွှေလက် ပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် ချင်းတွင်းမေတ္တာ ကူညီကယ်ရေးအသင်း၊ ချင်းတွင်းအင်စတီကျု၊ HPD စသည့် မုံရွာမြို့နယ်အတွင်းရှိ ပရဟိတအသင်းပေါင်း ၁၅ သင်းကျော် ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသများတွင် ရေဘေးသင့်ခဲ့ပြီး အချို့ဒေသများတွင် ရေပြန်မကျသေးဘဲ အလှူရှင်များ လိုအပ် နေဆဲ ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required