ဘရာဇီး အမေဇုန် မိုးသစ်တောမှာ စံချိန်တင်နှုန်းနဲ့ မီးလောင်မှုတွေ ဖြစ်ပွားနေ

ဘရာဇီး အမေဇုန် မိုးသစ်တောမှာ စံချိန်တင်နှုန်းနဲ့ မီးလောင်မှုတွေ ဖြစ်ပွားနေ

သြဂုတ် ၂၂ ။           ။ ဘရာဇီးနိုင်ငံ အမေဇုန် မိုးသစ်တောမှာ မီးလောင်ကျွမ်းမှုတွေဟာ စံချိန်တင်နှုန်းထားတစ်ရပ်နဲ့ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အလားတူ ယင်းအခြေအနေကြောင့် ရာသီဥတု ပြောင်းလဲမှုအပေါ် တိုက်ဖျက်မှုတွေအပေါ် ထိခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးသွားခဲ့ပါတယ်။

ဘရာဇီး အာကာသ သုတေသန စင်တာ INPE က ၂၀၁၃ ကနေစပြီး အမေဇုန်မိုးသစ်တောကို စောင့်ကြည့်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယခုအခါ မီးလောင်ကျွမ်းမှုတွေဟာ အမြင့်ဆုံးနှုန်းနဲ့ လောင်ကျွမ်းနေတယ်လို့  ယင်း စင်တာက ထုတ်ပြန်ပါတယ်။

ယခုနှစ်အတွင်း ဘရာဇီးမှာ မီးလောင်ကျွမ်းမှု ၇၂,၈၄၃ ခု ရှိခဲ့ကြောင်း၊ ယင်းတို့အနက် တစ်ဝက်ကျော်လောက်ဟာ အမေဇုန် ဒေသမှာ လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အလားတူ ယင်း မီးလောင်ကျွမ်းမှုတွေဟာ ယခင်နှစ် အလားတူကာလကနဲ့ယှဉ်ရင် ၈၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါတယ်။

ခုလို အမေဇုန် မိုးသစ်တော မီးလောင်မှုတွေနဲ့အတူ သစ်တောပြုန်းတီးမှုတွေကလည်း အရှိန်မြန်မြန် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ယင်း အမေဇုန်သစ်တော ပြုန်းတီးမှုက ဘရာဇီးသာမက တစ်ကမ္ဘာလုံးအပေါ်မှာပါ ထိခိုက်မှုတွေ ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက သတိပေးသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly