ဂရင်းလန်းကျွန်းဝယ်ယူရေးကိစ္စ ပယ်ချခဲ့တဲ့ ဒိန်းမတ် ဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် အပြင်းအထန် ဝေဖန်တိုက်ခိုက်

ဂရင်းလန်းကျွန်းဝယ်ယူရေးကိစ္စ ပယ်ချခဲ့တဲ့ ဒိန်းမတ် ဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် အပြင်းအထန် ဝေဖန်တိုက်ခိုက်

သြဂုတ် ၂၂ ။            ။ ဂရင်းလန်းကျွန်းကို ဝယ်ယူရန် ကြိုးပမ်းမှုကို ပယ်ချငြင်းဆန်ခဲ့တဲ့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရီ ဒါရစ်ဆင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၁ မှာ အပြင်းအထန် ဝေဖန်ပြစ်တင်ထိုးနှက်လိုက်ပါတယ်။

အဆိုပါ ဂရင်းလန်းကျွန်းကိစ္စကြောင့်ပဲ ထရမ့်ဟာ မူလစီစဉ်ထားတဲ့ ဒိန်းမတ်ကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းသွားခဲ့ပါတယ်။

မူလစီစဉ်ထားသလို လာမယ့်လမှာ ဒိန်းမတ်ကို သွားတော့မှာ မဟုတ်ကြောင်း ထရမ့်က ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ဒိန်းမတ်ဝန်ကြီးချုပ် အပေါ် ပြစ်တင်ထိုးနှက်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

ဂရင်းလန်းကျွန်းကို ဝယ်ဖို့ ထရမ့်ဘက် ကြိုးပမ်းခဲ့မှုဟာ တကယ်တမ်းမှာ အဓိပ္ပါယ်လုံ့ဝ မရှိဘဲ ယုတ္တိမရှိကြောင်း ဒိန်းမတ်ဝန်ကြီးချုပ်က ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

ယင်းကိစ္စကို အဓိပ္ပါယ်မရှိဘူးဆိုပြီး ပြောဆိုလိုက်ခြင်းအားဖြင့် ဒိန်းမတ်ဝန်ကြီးချုပ်အနေနဲ့ အမေရိကန်ကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ထရမ့်က စွပ်စွဲသွားပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ်ရဲ့ ယခုလို ပြောဆိုမှုဟာ မနှစ်မြို့ဖွယ် ကောင်းပြီး ရိုင်းစိုင်းရာ ရောက်ကြောင်း ထရမ့်က ပြစ်တင်ပြောကြားသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly