သိမ်ဖြူခုံးတံတားအောက်တွင် တွေ့ရသော ၇ နှစ်အရွယ်မိန်းကလေးငယ် အလောင်းအတွက် သံသယရှိသူကို စစ်ဆေးနေ

သိမ်ဖြူခုံးတံတားအောက်တွင် တွေ့ရသော ၇ နှစ်အရွယ်မိန်းကလေးငယ် အလောင်းအတွက် သံသယရှိသူကို စစ်ဆေးနေ

ရန်ကုန်၊ သြဂုတ်၂၁ ။                 ။ သိမ်ဖြူခုံးတံတားအောက်တွင် တွေ့ရသော  ၇ နှစ်အရွယ်မိန်းကလေးငယ် အလောင်းအတွက် သံသယရှိသူကို စစ်ဆေးနေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

"အသက် ၇ နှစ်ဝန်းကျင်မိန်းကလေးငယ်လို့သိရတယ်။ ပီနံအိတ်နဲ့ထုပ်ပြီးတော့ ရထားသံလမ်းဘေးမှာ စွန့်ပစ် ထားတာပေါ့။ မိသားစုက ရထားလမ်းဘေးမှာနေတဲ့အခြေမဲ့မိသားစု။ အလောင်းမှာ ဒဏ်ရာတွေများတယ်။rape လုပ်ခံရထားတဲ့ အနေအထားမှာရှိတယ်လို့ ယူဆရတယ်။ သံသယတရားခံတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ် လို့ သိရတယ်" ဟု ဦးလှဌေးကပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူခုံးတံတားအောက် ရထားသံလမ်းပေါ်တွင် ပီနံအိတ်ဖြင့်ထုပ်ထားပြီး ဒဏ်ရာ များဖြင့် သေဆုံးနေသည့်  ၇ နှစ်အရွယ်မိန်းကလေးငယ် အလောင်းအား ဩဂုတ်၂၁ရက် နံနက်ပိုင်းက တွေ့ရှိ ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

"အလောင်းကြည့်ရတာ ရက်အတော်ကြာနေပြီ။ အပုတ်နံ့လည်း နည်းနည်းထွက်နေပြီ။ ကလေး ကြည့်ရ တာတော့ အဓမ္မပြုကျင့်ခံထားရတဲ့ပုံပါပဲ" ဟုမျက်မြင်သက်သေတစ်ဦးမှပြောသည်။

အဆိုပါဖြစ်စဉ်အတွက် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် (ပ) ၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly