ကစားသမားဘဝက အနားယူမယ့်အချိန်ကို အရိပ်အမြွတ်ပြောကြားခဲ့တဲ့ ရော်နယ်လ်ဒို

ကစားသမားဘဝက အနားယူမယ့်အချိန်ကို အရိပ်အမြွတ်ပြောကြားခဲ့တဲ့ ရော်နယ်လ်ဒို

ဂျူဗင်တပ်စ်စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူအနေနဲ့ ကစားသမားဘဝကနေ ဘယ်ချိန် အနားယူမလဲဆိုတာ မသေချာသေးပေမယ့် သိပ်မကြာတော့မယ့် လာမယ့်နှစ်မှာ ဖြစ်လာနိုင်သလို သူအနေနဲ့ အသက် (၄၀)အရွယ်ထိလည်း ကစားနိုင်တယ်လို့ ပြောဆိုပါတယ်။

အသက် (၃၄)နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက အိုးလေဒီတို့နဲ့ ပူးပေါင်းခဲ့ပြီး ပြိုင်ပွဲစုံ (၄၃)ပွဲကစား၊ (၂၈)ဂိုးထိ သွင်းယူပြီးတဲ့နောက်မှာ သူဟာ ကြယ်ပွင့်ကစားသမား ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၈-၁၉ ရာသီ စီးရီးအေချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။

ဘလွန်းဒီအော်ဆု (၅)ကြိမ်ရ ရော်နယ်လ်ဒိုဟာ ဘယ်ချိန်မှာ ဘောလုံးကစားသမားဘဝကနေ ရပ်နားမယ်ဆို မသေချာပေမယ့်လည်း ဒါဟာ မဝေးတော့တဲ့ အနေအထားတစ်ခုဖြစ်နိုင်တယ်လို့ အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။

"ဒီအကြောင်း (ကစားသမားဘဝမှ အနားယူဖို့)ကို ကျနော် မတွေးကြည့်ရသေးပါဘူး။"လို့ ရော်နယ်လ်ဒိုက အင်္ဂါနေ့က ပေါ်တူဂီရုပ်သံလိုင်း TVI ကို ပြောပါတယ်။

"ဘောလုံးကစားသမားဘဝကို လာမယ့် နှစ်မှာ ကျနော် အဆုံးသတ်ကောင်းသတ်နိုင်ပါတယ် .... ဒါပေမယ့် အသက် ၄၀ ကနေ ၄၁ နှစ်အထိလည်း ကျနော် ကစားနိုင်ပါတယ်။

"ကျနော် မသိပါဘူး။ ကျနော် အမြဲတမ်းပြောလေ့ရှိတာက လက်ရှိအခိုက်အတန့်ကို ပျော်ရွှင်နေဖို့ဆိုတာပါ။ ကျနော် ပိုင်ဆိုင်ခဲ့ရတဲ့ လက်ဆောင်က အလွန်ကောင်းမွန်ပြီး ဒါကို ဆက်ပြီး ပျော်မွေ့နေဖို့ပဲဖြစ်ပါတယ်။

မြောက်များစွာတဲ့ တစ်ဦးချင်းဆိုင်ရာ ဆုတံဆိပ်တွေနဲ့အတူ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ဆုဖလား (၅)ကြိမ် (ရီးယဲလ်နဲ့ ၄ ကြိမ်၊ မန်ယူနဲ့ ၁ ကြိမ်)၊ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ လာလီဂါဖလား (၂)ကြိမ်နဲ့ စီးရီးအေဖလား (၁)ကြိမ် ရရှိထားပါတယ်။

ရော်နယ်လ်ဒိုဟာ သမိုင်းဝင်မှတ်တမ်းရေးထိုးလိုပြီး စံချိန်တွေ ရရှိထားတာက သူ့ကို လှု့ံဆော်ထားပါတယ်။

"ဘောလုံးလောကမှာ ကိုယ့်ထက် စံချိန်မှတ်တမ်းကောင်းတွေ ပိုပြီး ပိုင်ဆိုင်ထားတဲ့ တခြားကစားသမားတွေ ရှိနေလို့လား။"လို့ သူက မေးပါတယ်။

"ကျနော့်ထက် စံချိန်တွေ ပိုပြီး ရရှိထားတဲ့ တခြားကစားသမားတွေ ရှိနေတယ်လို့ ကျနော် မထင်ပါဘူး။"လို့ ပြောပါတယ်။

စီးရီးအေဟာ ရာသီသစ်ကို  ဥရောပရဲ့ တခြားအင်အားကြီးလိဂ်ပြိုင်ပွဲထက် နောက်ကျမှ စတင်ပြီး ဂျူဗင်တပ်စ်အသင်းဟာ လိဂ်ပွဲအဖွင့်ပွဲစဉ်ကို ယခုတစ်ပတ် စနေနေ့မှာ ပါးမားအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly