နွေရာသီမှာ ပေါင်သန်း (၁၃၀)ကျော် သုံးပြီးပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေသုံးနိုင်သေးတယ်လို့ ဂျော့ရှ် ကရွန်ကီ ပြော

နွေရာသီမှာ ပေါင်သန်း (၁၃၀)ကျော် သုံးပြီးပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေသုံးနိုင်သေးတယ်လို့ ဂျော့ရှ် ကရွန်ကီ ပြော

အာဆင်နယ်အသင်း ဒါရိုက်တာ ဂျော့ရှ် ကရွန်ကီက ကလပ်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ပေါင်သန်း (၁၃၀)ကျော်အထိ သုံးစွဲပြီးဖြစ်ပေမယ့်လည်း ဇန်နဝါရီစျေးကွက်မှာ ငွေကြေးထပ်မံ သုံးစွဲသွားနိုင်သေးတယ်လို့ အသင်းပရိသတ်တွေကို ကတိပြုထားပါတယ်။

ဂျော့ရှ်ဟာ အာဆင်နယ်အသင်းပိုင်ရှင် စတန်လေ ကရွန်ကီရဲ့ သားဖြစ်ပြီး Forbes မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ စတန်လေဟာ ယူရို (၈.၇)ဘီလီယံအထိ ကြွယ်ဝချမ်းသာသူဖြစ်တယ်လို့ သိရပါတယ်။

ဂန်းနားတို့ဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းနဲ့ လိုင်လီအသင်းကနေ နီကိုလပ်စ် ပီပီကို ခေါ်ယူခဲ့သလို ဆာလီဘာ၊ စီဘာလော့စ်၊ ဒေးဗစ်လူးဝဇ်၊ မာတီနယ်လီနဲ့ တီယာနေးတို့ကိုလည်း ခေါ်ယူ အင်အားဖြည့်တင်းခဲ့ပါတယ်။

ဒါပေမယ့် ဒါရိုက်တာ ကရွန်ကီက ကတိပြုခဲ့တာက အသင်းအနေနဲ့ ကစားသမား ခေါ်ယူဖို့ လိုအပ်တယ်လို့ ယုံကြည်တယ်ဆိုရင် ဘဏ္ဍရေးအရ လုံးဝမရှိတာမဟုတ်ပဲ ကလပ်အသင်းဟာ ဆက်ပြီး ငွေကြေး သုံးစွဲသွားလိမ့်မယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ နည်းပြဟောင်း ဝင်းဂါးလက်ထက်မှာ ပုံမှန် ထိပ်ဆုံး (၄)သင်း စာရင်းဝင်ခဲ့ပေမယ့်လည်း ယခုရာသီတွင်မူ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘီဘီစီ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ ဂျော့ရှ် ကရွန်နီက "ကျနော်တို့အနေနဲ့ ကာလိုတိုအတွင်းမှာ လုပ်ဆောင်ရမယ့် အရာတွေကို တွက်ချက်ထားပြီး အသင်းတိုးတက်တက်စေဖို့ကိုလည်း အမြဲစဉ်းစားနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် လာမယ့် ဇန်နဝါရီမှာလည်း ကျနော်တို့ဟာ ငွေကြေးထပ်မံသုံးစွဲနိုင်စွမ်းရှိပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ် (၂)ပွဲစလုံး အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ကွာခြားမှု နီးကပ်လာအောင် လုပ်ဆောင်နေပါတယ်။

အာဆင်နယ်အသင်းဟာ အပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့တွေမှာ တခြားပြိုင်ဘက် အသင်းတွေနဲ့ ယှဉ်ရင် ငွေကြေး စိုက်ထုတ် သုံးစွဲမှု နည်းပါးခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ယခုနှစ် နွေရာသီမှာ ကစားသမားကောင်းတွေကို ခေါ်ယူ အားဖြည့်တင်းခဲ့တာကြောင့် ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ နှစ်တစ်နှစ်ဖြစ်ခဲ့တဲ့အပြင် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ထပ်ရင်ခုန်ရအုံးမှာဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly