ထိုင်းနိုင်ငံမှာ ကင်ဆာလူနာတွေဆီ ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေ

ထိုင်းနိုင်ငံမှာ ကင်ဆာလူနာတွေဆီ ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေ

ဘန်ကောက်၊ သြဂုတ် ၂၁ ။         ။ ထိုင်းနိုင်ငံမှာ ဆေးဝါးအဖြစ် ဆေးခြောက်သုံးစွဲတာကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုပြီးနောက်မှာ နောက်ဆုံးအဆင့် ကင််ဆာဝေဒနာရှင်တွေဆီ ဦးတည်ပြီး ဆေးခြောက်ဆေးဝါးကို စတင််ဖြန့််ဝေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင်ခွင့်ပြုပြီးနောက် အာဏာပိုင်တွေက ဆေးခြောက်ဆီ ပုလင်းပေါင်း ၄၀၀၀ ထုတ်လုပ်ထားတာဖြစ်ပြီး ဆေးရုံဆေးခန်း ၂၁ ခုဆီ ကနဦး အစပျိုး ဖြန့်ဝေတာ ဖြစ်ပါတယ်။

“ဖြန့်ဝေဖို့အတွက် ကျွန်တော်တို့အဖွဲ့သားတွေ အသင့်ပါပဲ။”လို့ ဆေးခြောက်ဆေးပေးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားတစ်ရပ်မှာ ခွန်ကာရန်ရုဆေးရုံအုပ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

“ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ လေ့ကျင့်သင်တန်းပေးထားတဲ့ ကျွမ်းကျင်သူတွေရယ်၊ ဆရာဝန်ခြောက်ဦးနဲ့ ဆေးမှူးတွေရယ် အသင့်ရှိနေပြီ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဆေးခြောက်ဆေးဝါး စီမံကိန်းအတွက် အာဏာပိုင်တွေဟာ နိုင်ငံတွင်းက အခြားသော ဆေးရုံတွေဆီလည်း ဆေးခြောက်ဆီတွေ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

ဆေးခြောက်ဆီဟာ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို သက်သာစေပြီး ကင်ဆာဆေးသွင်းလို့ ဖြစ်ပေါ်တဲ့ ဝေဒနာတွေကိုလည်း လျော့ပါးစေပါတယ်။

ဆေးခြောက်၊ သံလွင်ဆီနဲ့ အုန်းဆီတွေ ပါဝင်တဲ့ ထိုင်းရိုးရာတိုင်းရင်းဆေးတွေကိုပါ စက်တင်ဘာကစပြီး ဆေးရုံဆေးပေးခန်းတွေကို ဖြန့်ဝေဖြစ်ဖို့ မျှော်လင့်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးရုံးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly