အီတလီဝန်ကြီးချုပ် နုတ်ထွက်တာကို သမ္မတက လက်ခံပြီး အစိုးရသစ် ဖွဲ့ရန် ပြင်ဆင်

အီတလီဝန်ကြီးချုပ် နုတ်ထွက်တာကို သမ္မတက လက်ခံပြီး အစိုးရသစ် ဖွဲ့ရန် ပြင်ဆင်

ရောမ၊ သြဂုတ် ၂၁ ။          ။ အီတလီဝန်ကြီးချုပ်ဂူဆက်ပီကွန်တီ ရာထူးက နုတ်ထွက်တာကို သမ္မတ ဆာဂျီယိုမတ်တာရီလာက လက်ခံလိုက်ပြီး အစိုးရသစ်ဖွဲ့စည်းရေးအတွက် ဆွေးနွေးကြရန် ပြင်ဆင်နေပြီလို့ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

အစိုးရသစ် ဖွဲ့စည်းဖို့ လုပ်ဆောင်နေချိန်အတောအတွင်းမှာ ဝန်ကြီးချုပ် ကွန်တီက ယာယီအစိုးရအဖွဲ့ကို ဦးဆောင်ရမှာဖြစ်တတယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဒီကနေ့မှာ ဝန်ကြီးချုပ် ကွန်တီဟာ ဆီးနိတ်နဲ့ အောက်လွှတ်တော်ခေါင်းဆောင်တွေရယ် ၊ ပါတီကြီးတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ ဆာဂျီယိုကလည်း အီတလီပါတီကြီးတွေက ကိုယ်စားလှယ်တွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစိုးရဖွဲ့ရေး ဆွေးနွေးပွဲတွေက ရလဒ်ပေါ် မူတည်ပြီး ပါတီအကြီးအကဲတွေမှ တစ်ဦးကို သမ္မတ ဆာဂျီယိုက အစိုးရဖွဲ့ခိုင်းမှာ ဖြစ်ပါတယ်။ တကယ်လို့ အစိုးရသစ် မဖွဲ့နိုင်ဘူးဆိုရင် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ခေါ်ယူရမှာ ဖြစ်ပါတယ်။

ဝန််ကြီးချုပ် ကွန်တီဟာ ၎င်းနုတ်ထွက်တာကို လွှတ်တော်မှာ လျှောက်တင်ခဲ့တာ ဖြစ်ပြီး ဒီလို မလျှောက်တင်ခင် ညွန့််ပေါင်းမိတ်ဖက် ပါတီခေါင်းဆောင် ဆယ်ဗီနီကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

အမျိုးသားရေး League ပါတီခေါင်းဆောင် ဆယ်ဗီနီဟာ ကိုယ့််အတွက် ကိုယ်ပါတီ အကျိုးကိုပဲ ကြည့်ပြီး အီတလီမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဖန်တီးခဲ့တယ်လို့ ကွန်တီက ပြောပါတယ်။

League ပါတီနဲ့ Five Star Movement ပါတီဟာ ပြီးခဲ့တဲ့ ၁၄ လခန့်က ညွန့််ပေါင်းဖွဲ့ပြီး အစိုးရအဖြစ် တာဝန်ယူအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly