နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များအပေါ် ဒုတိယသမ္မတဟောင်း တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက မေးခွန်းထုတ်ခဲ့သည်။
“နိုင်ငံတော်သမ္မတရုံးရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လား။ လွတ်ငြိမ်းချမ်းသာခွင့်လား ဆိုတာ ကွဲပြားစွာ သိလိုပါကြောင်းနဲ့ ၉.၅. ၂၀၁၉ ရက်နေ့က သတင်းထုတ်ပြန်ချက်မှာ ပါတဲ့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးဖို့ အတွက် အကျဉ်းသား အကျဉ်းသူတွေကို လွတ်ပေးဖို့ စနစ်တကျ စီစစ်ခဲ့တဲ့ မူဝါဒတွေကို ရှင်းရှင်းလင်းလင်း သိလိုကြောင်း မေးခွန်းပဲဖြစ်ပါတယ်”ဟု ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်းက သြဂုတ်လ ၂၀ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးမြန်းမှုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားခဲ့သည်။
ယခုနှစ် မေလနှင့် ဧပြီလ အတွင်း အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၃၀၀၀ ကျော်ကို နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။
ရိုက်ကူး - အောင်မြတ်သူ