မြန်မာရုပ်ရှင်ဇာတ်ကားများကို အွန်လိုင်းပေါ်မှ တရားမဝင်ဒေါင်းလော့ဆွဲယူကြည့်ရှုသူများကြောင့် နစ်နာနေသူများ ရှိနေ

မြန်မာရုပ်ရှင်ဇာတ်ကားများကို အွန်လိုင်းပေါ်မှ တရားမဝင်ဒေါင်းလော့ဆွဲယူကြည့်ရှုသူများကြောင့် နစ်နာနေသူများ ရှိနေ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

သြဂုတ်လ၂၀ ။         ။ မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို အွန်လိုင်းပေါ်မှ တရားမဝင်ဒေါင်းလော့ဆွဲယူကာ ပြသ၊ကြည့်ရှုသူများကြောင့် ဇာတ်ကားတစ်ကားချင်းစီတွင် ပါဝင်မှီခိုနေရသည့်အဖွဲ့သား ၄၀၀ ကျော် နီးပါး နစ်နာသည့် ဟု သရုပ်ဆောင် ဒါရိုက်တာ သားညီက ဆိုသည်။

"လိုင်းပေါ်မှဇာတ်ကားတစ်ခုတက်လာရင် ဘာရယ်မဟုတ်ဘူး Playဆိုပြီး ကြည့်လိုက်တယ်။အဲလိုကြည့်ခြင်းက တရားဝင်လား မဝင်ဘူးလားဆိုတာ ကျွန်တော်တို့ကိုပြောပြမယ့်လူမရှိခဲ့ပါဘူး။ဒီလိုပဲကြည့်ခဲ့ကြတယ်။အဲဒါက တရားမဝင်ဘူးဆိုတာ ကျွန်တော်တို့ မသိခဲ့ကြဘူး။နောက်ပိုင်းစဉ်စားကြည့်မယ်ဆို ဖန်တီးသူ အနုပညာရှင် ၊ ပရိုဂျူစာ ၊ အဖွဲ့သားတွေအကုန်လုံးကအချိန်ပေးပြီး ဖန်တီးထားတဲ့အနုပညာတစ်ခုပေါ့။အဲတော့ သူမှာထိုက်သင့် တဲ့ရပိုင်ခွင့်ဆိုတာရှိပါတယ်” ဟု သရုပ်ဆောင်၊ဒါရိုက်တာ သားညီက ပြောဆိုခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများ တရားမဝင်ပြသကြည့်ရူယူမှုများကြောင့် မြန်မာ့ရုပ်ရှင်လောကတွင် ဖြစ်ပေါ်နေသည့် အကျိုးအဆက်များအကြောင်းကို သရုပ်ဆောင်ဒါရိုက်တာသားညီ နှင့် Viu Myanmar မှ Country Manager ဖြစ်သူ Ms.Lavina Tauro တို့က သြဂုတ်လ ၂၀ ရက်နေ့မွန်းလွဲပိုင်းအချိန်ကရန်ကုန်မြို့ ဗဟန်းမြို့ရှိ Mango Media တွင် တွေ့ဆုံစကားဝိုင်းအစီစဉ်တွင် ပြောကြားခဲ့သည်။

"ဒီလိုမျိုးကြည့်ရင် ထိုက်သင့်တဲ့အကျိုးအမြတ်မရနိုင်တော့ရင် နောက်ထပ်အရင်းအနှီးစိုက်ထုတ်ဖို့ သူမှာ အခက် အခဲတွေ ဖြစ်လာမယ်။အဲဒါဆို ဒီကဏ္ဍကိုရပ်လိုက်မယ်။ဇာတ်ကားတွေ ထပ်မရိုက်တော့ဘူး။ သူမျှော်လင့်ထား တဲ့အကျိုးအမြတ်မရရင် ဒီဇာတ်ကားထုတ်လုပ်မှုကို ရပ်လိုက်မယ်။ဇာတ်ကားတိုင်းမှာဆက်ပြီး ရှင်သန်နေ ရမယ့် အနုပညာရှင်တွေ သရုပ်ဆောင် ၊မင်းသား၊မင်းသမီး ၊ ဇာတ်ပို့ဇာတ်ရံ ၊ စက်အဖွဲ့ ၊ဒါရိုက်တာ အဲဒီလူတွေကို မှီခိုနေရတဲ့ မိသားစုတွေ ရှိမယ်။ရုပ်ရှင်ကားတစ်ကားမှာ အဖွဲ့သားတွေစုစုပေါင်း ၄၀၀ ၊ ၅၀၀ ရှိပါတယ်။ အဲဒီလူတွေထမင်းအိုးကွဲသွားပါမယ် " ဟုထပ်မံပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဂီတ၊ရုပ်ရှင် စသည့်အနုပညာဖန်တီးမှုများကို တရားမဝင်ပြသကြည့်ရှုရယူနေမှု များကြောင့် မြန်မာ့အနုပညာလောကတွင် ဖြစ်ပေါ်လာသော ဆိုးကျိုးများ နှင့်သက်ဆိုင်သည့် အကြောင်း အရာများကို ၄င်းတို့၏ ဗဟုသုတ ၊အတွေ့အကြုံ၊အတွေးအမြင်များဖြင့် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly