Huawei အပေါ် ပိတ်ပင်မှု အမေရိကန်က နောက်ထပ် ရက် ၉၀ ထပ်မံ ဆိုင်းငံ့

Huawei အပေါ် ပိတ်ပင်မှု အမေရိကန်က နောက်ထပ် ရက် ၉၀ ထပ်မံ ဆိုင်းငံ့

သြဂုတ် ၂၀ ။         ။ တရုတ် နည်းပညာကုမ္ပဏီ Huawei Technologies အပေါ် ကုန်သွယ်ရေးပိတ်ပင်မှုတစ်ခုကို နောက်ထပ် ရက်ပေါင်း ၉၀ ကြာ ပြုလုပ်ဦးမှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရက အတည်ပြုလိုက်ပါတယ်။

ဒါဟာ တရုတ်ကုမ္ပဏီကို အမေရိကန် ကုမ္ပဏီတွေနဲ့အကြား စီးပွားရေးလုပ်ကိုင်မှုအပေါ် ပိတ်ပင်ချက်ကို နောက်ထပ် ရက် ၉၀ ထပ်မံ  ဖြေလျှော့မှု အမေရိကန်က ပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ၀ါရှင်တန်နဲ့ ပေကျင်းအကြား အဆင့်မြင့် ကုန်သွယ်ရေး ဆွေးနွေးမှုတွေကတော့ ရလဒ်ကောင်းတွေ ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

အမေရိကန်ကတော့ အမျိုးသား လုံခြုံရေး စိုးရိမ်မှုအကြောင်းပြချက်တွေကြောင့် ပြီးခဲ့တဲ့ မေလက Huawei ကို blacklist လုပ်ထားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် Huawei ကို ယာယီ ပြစ်ဒဏ်သက်သာစေမယ့် ခွင့်ပြုချက်တစ်ရပ် အမေရိကန်က ထုတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

ယင်း ဆိုင်းငံ့ ခွင့်ပြုချက်က သြဂုတ် ၁၉ မှာ သက်တမ်းကုန်ဆုံးခဲ့ပြီး ယခုအခါ နောက်ထပ် ရက် ၉၀ ထပ်မံထပ်တိုးခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ယခု ခွင့်ပြုချက်အရ တရုတ်ကုမ္ပဏီကို အမေရိကန်ကုမ္ပဏီတွေနဲ့အကြား အရောင်းအဝယ် ဆက်ဆံလုပ်ဆောင်မှုအပေါ် တားမြစ်မယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ဒုတိယအကြိမ်မြောက် အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက  ဆိုင်းငံ့ပေးထားလိုက်တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly