အကြမ်းမဖက်သော ဆန္ဒပြမှုများကနေ ငြိမ်းချမ်းရေးလမ်းသို့ လှမ်းနိုင်ရန် ဟောင်ကောင်ခေါင်းဆောင် မျှော်လင့်

အကြမ်းမဖက်သော ဆန္ဒပြမှုများကနေ ငြိမ်းချမ်းရေးလမ်းသို့ လှမ်းနိုင်ရန် ဟောင်ကောင်ခေါင်းဆောင် မျှော်လင့်

သြဂုတ် ၂၀  ။            ။ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန္ဒပြသူတွေ အင်အားကြီးမားစွာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ရာမှာ ပဋိပက္ခ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်း မရှိသည့်နောက်ပိုင်း မြို့တွင်းမှာ ပြန်လည် တည်ငြိမ်းအေးချမ်းမှုတွေ ဖြစ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ခေါင်းဆောင် ကာရီလမ်းက သြဂုတ် ၂၀ တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်း သီတင်းပတ်ကုန်က အင်အားများပြားသည့် ဆန္ဒပြသမားတွေ မြို့တွင်း လမ်းတွေမှာ ငြိမ်းချမ်းစွာ စီတန်းချီတက်ခဲ့ကြရာမှာ ရဲတွေနဲ့အကြား ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ပွားခြင်း မရှိခဲ့ပါဘူး။

ယင်းအတွက်ကြောင့် ခုလိုမျိုး အကြမ်းဖက်ခြင်း မရှိတဲ့ ဆန္ဒပြမှုတွေကနေတဆင့် ဟောင်ကောင်မှာ တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည်ရရှိအောင် ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်းက ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ တနင်္ဂနွေနေ့က ဟောင်ကောင်ပြည်သူတွေ အများအပြား ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပါတယ်။ ဒါက ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာ တည်ငြိမ်မှုတွေ ပြန်လည် ရရှိနိုင်မယ့် လမ်းစဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ သူမက ပြောသွားပါတယ်။

သို့ပေမယ့်လည်း ဆန္ဒပြသူများ၏ တောင်းဆိုချက်တွေအတိုင်း လိုက်လျောပေးဖို့ကိုတော့ သူမက ငြင်းဆန်သွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags