ရွေးကောက်ပွဲ ပြစ်မှုများ လျော့နည်းစေရန် ပညာပေးဟောပြောမှုများ ပြုလုပ်ရန်လို

20 August 2019
ရွေးကောက်ပွဲ ပြစ်မှုများ လျော့နည်းစေရန် ပညာပေးဟောပြောမှုများ ပြုလုပ်ရန်လို

၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများလျော့နည်းလာစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား ပညာပေးမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင် ဦးခင်မောင်ဝင်းက ပြောသည်။

“လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီလိုပြစ်မှုတွေ မဖြစ်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေထဲမှာ ဧရာဝတီတိုင်းအနေနဲ့ ပြောရရင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ ့ခွဲ၊ ပုသိမ် ခြောက် ခရိုင်ပေါ့။ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊နောက် မြို့နယ် ၂၆ မြို့နယ်ရဲ့ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၊ကျေးရွာအုပ်စု အားလုံးက ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေ အားလုံးက ပုဂ္ဂိုလ်တွေက သင်တန်းတွေ ပေးတဲ့အခါမှာ ဒီလိုမျိုး ကိစ္စတွေ ဆောင်ရွက်ရင် ဒီလိုပြစ်မှုတွေ မြောက်တယ် ဆိုတာကို ထည့်ပြောမယ်။ ပြည်သူတွေကိုလည်း ပညာပေးဟောပြောပွဲတွေဆောင်ရွက်ပေးမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပြစ်မှုတွေနည်းသွားနိုင်တာပေါ့”ဟု ဦးခင်မောင်ဝင်းက ပြောသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဥပဒေအရ ပြစ်မှုမြောက်၍ တရားရုံးသို ့တရားစွဲတင်ပို့သည် အမှုပေါင်း ၈၀ ကျော်ရှိခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly