တိုက်ပွဲဖြစ်သည့်ဒေသများသို့ မသွားလာကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ မေတ္တာရပ်ခံ

20 August 2019
တိုက်ပွဲဖြစ်သည့်ဒေသများသို့ မသွားလာကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ မေတ္တာရပ်ခံ

လတ်တလောတိုက်ပွဲများဖြစ်နေသည့်ဒေသများသို့ အရပ်သားပြည်သူများအနေဖြင့် မသွားလာကြသေးရန် မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်း/ပလောင်လွတ်မြောက်ရေးတပ် (TNLA) မှဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုလိုက်သည်။

“စစ်ရေးကတော့ လူထုကိုထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးလူထုနဲ့ဝေးတဲ့နေရာတွေဖြစ်အောင်တော့ လူထုနဲ့နီးတဲ့နေရာတွေကို တော်တော်လေးရှောင်ရှားပါတယ်။ တတ်နိုင်သမျှပေါ့။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေကို သွားလာဖို့ကတော့ရှောင်ရှားကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ၎င်းကဆိုသည်။

ရိုက်ကူး/တည်းဖြတ် - စိုးသူအောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59802
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly