ပြည်သူများထိခိုက်မည်ဆိုပါက မင်္ဂလာတောင်ညွှန့် ကြက်၊ဘဲစျေး ကိုပြောင်းရွှေ့ရန်ရှိ

ပြည်သူများထိခိုက်မည်ဆိုပါက မင်္ဂလာတောင်ညွှန့် ကြက်၊ဘဲစျေး ကိုပြောင်းရွှေ့ရန်ရှိ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၁၉ ။         ။ သဘာဝပတ်ဝန်းကျင်အနံ့အသက်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာညစ်နွမ်းမှုများကိုပြည်သူလူထုများအနေဖြင့်  အနှောက်အယှက်ဖြစ်ပါကာ မင်္ဂလာတောင်ညွှန့် ကြက်၊ဘဲစျေးကို ပြောင်းရွှေ့ရန် အလားလာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး က မီဒီယာများကိုပြောသည်။

"ပြောင်းဖို့အလားလာက ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်တယ်ဆိုရင် အနှောက်အယှက်ဖြစ်တဲ့အတွက် ပြောင်းဖို့အလားအလာရှိတယ်လို့ ဖြေရပါမယ်။ အတည်အကျ ဘယ်နေရာ ကိုပြောင်းမှာလဲ ၊ဘယ်တော့ ပြောင်းမှလဲလို့မေးမယ်ဆိုရင် အခုချိန်တွင်ဖြေဆိုလို့မရနိုင်ပါဘူး။ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီက အများပြည်သူအနှောက်အယှက်ဖြစ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက် ပေးလျက် ရှိပါတယ်" ဟု သူက ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"AFD နဲ့ပရောဂျက်လုပ်တဲ့အချိန်မှာ  ကြက်ဘဲစျေးနေရာမှာ လုပ်ဖို့ကိစ္စက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ရင် ဆောင်ရွက်တဲ့အခြေအနေက မပြီးပြတ်သေးပါဘူး။ စက်တင်ဘာလလောက်မှ သူတို့ဘက်က ဘယ်ပရောဂျက်တွေနဲ့ဆောင်ရွက်မယ်ဆိုတာကို ပြန်ပြီးတော့ လေ့လာဆန်းစစ်ပြီး ပြန်လည်တင်ပြမှာ ဖြစ်ပါတယ်။" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး က ပြောသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ပါဝင်လျက်ရှိသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ ကြက်၊ဘဲစျေး တည်နေရာမှ ပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အန့ံအသက်များ ၊ နေရာညစ်နွမ်းမှု များနှင့် ပုဇွန်တောင်ချောင်းအတွင်းသို့ ရေဆိုးများဝင်ရောက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ထဲက စာတင်ပြမှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly