အမေရိကန် ဖမ်းဆီးချင်သည့် အီရန်ရေနံတင်သင်္ဘော ဂျီဘရော်တာမှ ထွက်ခွာ

အမေရိကန် ဖမ်းဆီးချင်သည့် အီရန်ရေနံတင်သင်္ဘော ဂျီဘရော်တာမှ ထွက်ခွာ

သြဂုတ် ၁၉ ။          ။ သံတမန် အငြင်းပွားမှုတစ်ခုအကြား ကျရောက်ခဲ့သည့် အီရန် ရေနံတင်သင်္ဘောကြီးတစ်စင်းမှာ ယခုအခါ ဂျီဘရော်တာကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

ယင်း ရေနံတင်သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းထားရန် အမေရိကန်၏ တောင်းဆိုချက်ကို ဗြိတိန်ပိုင် နယ်မြေ အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီးနောက် ယခုကဲ့သို့ အီရန်သင်္ဘော ပြန်လည်ထွက်ခွာခြင်း ဖြစ်သည်။

စောင့်ကြည့်ရေး ဝက်ဆိုဒ် Marine Traffic ၏ အဆိုအရ ဇူလိုင် ၄ ရက်ကစလို့ ဂျီဘရော်တာ ကမ်းရိုးတန်းပြင်ပတွင် ထိန်းသိမ်းခံထားရသည့် အဆိုပါ ရေနံတင်သင်္ဘောကြီးမှာ သြဂုတ် ၁၈ ရက်က ကျောက်ဆူး ပြန်တင်ပြီး တောင်ဘက်သို့ စတင် ထွက်ခွာကြောင်း သိရသည်။

သို့ရာတွင် ဂျီဘရော်တာ အာဏာပိုင်များကမူ ယင်းသင်္ဘော ထွက်ခွာမှုကို အတည်ပြုခြင်း မရှိသေးပေ။

အဆိုပါ Grace 1 ရေနံတင်သင်္ဘောကို အီးယူ ဆန်ရှင်ချိုးဖောက်ပြီး ဆီးရီးယားသို့ ရေနံ သယ်ပို့ပေးနေခဲ့သည်ဆိုသည့် သံသယဖြင့် ဇူလိုင် ၄ ရက်က ဂျီဘရော်တာက ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း အဆိုပါ သင်္ဘောကို ပြန်မလွှတ်ဘဲ ဆက်လက်ထိန်းသိမ်းဖမ်းဆီးထားရန် အမေရိကန်က ပန်ကြားခဲ့သော်လည်း ဂျီဘရော်တာဘက်က ပယ်ချခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာလည်းပဲ ယင်းသင်္ဘောကို ဖမ်းဆီးခြင်း မပြုရန် အီရန်ကလည်း ၀ါရှင်တန်ကို သတိပေးမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly