အီတလီမှာ ၉ ရက်ကြာ ပျောက်ဆုံးနေတဲ့ ပြင်သစ် ခြေလျင်ခရီးသွားတစ်ဦးကို သေဆုံးလျက်သား တွေ့ရှိ

အီတလီမှာ ၉ ရက်ကြာ ပျောက်ဆုံးနေတဲ့ ပြင်သစ် ခြေလျင်ခရီးသွားတစ်ဦးကို သေဆုံးလျက်သား တွေ့ရှိ

သြဂုတ် ၁၉ ။       ။ အီတလီနိုင်ငံ နေပယ်မြို့တောင်ပိုင်းမှာ ခြေလျင်ခရီးထွက်ရင်း ကိုးရက်ကြာ ပျောက်ချင်းမလှ ပျောက်နေခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းကို သြဂုတ် ၁၈ ရက်က တွေ့ရှိခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

“ ဆိုင်းမွန် ဂေါ်တီရာရဲ့ အလောင်းကို ပြန်တွေ့ထားပါပြီ” လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ပြင်သစ် ခြေလျင်ခရီးသွားရဲ့ အလောင်းကို ဘယ်လ်ဗီဒီရီ ဒီ စီယိုလန်ဒရီယာ ဧရိယာမှာ တွေ့ရှိထားကြောင်း ယင်းဧရိယာအနီးရှိ ဆက်ပရီမြို့ အာဏာပိုင်တွေက ပြောပါတယ်။

ဂေါ်တီရာဟာ ခြေလျင်ခရီးထွက်ရင်း တောင်စောင်းတစ်ခုပေါ်ကနေ အောက်ကို ပြုတ်ကျသွားခဲ့တယ်ဆိုတာကို  သြဂုတ် ၉ ရက်က အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ၎င်း တောင်စောင်းပေါ်က ကျပြီးနောက် ခြေနှစ်ချောင်းစလုံး ကျိုးသွားကြောင်း၊ ၎င်း ရောက်နေတဲ့ တည်နေရာအတိအကျကိုတောင် မပြောတတ်တော့ကြောင်း ဂေါ်တီရာက အကူအညီတောင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

၎င်းကို ရှာဖွေရေးလုပ်ငန်း လုပ်ရာမှာ မလိုအပ်ဘဲ အချိန်ကြာလွန်းခဲ့တယ်ဆိုပြီး ၎င်းရဲ့ မိသားစုက စောဒကတက်ခဲ့ပါတယ်။

ယင်းနောက် ကယ်ဆယ်ရေးသမားတစ်ဦးက မှန်ဘီလူးနဲ့ ကြည့်ရင်း ဂေါ်တီရာရဲ့ ကျောပိုးအိတ်တစ်ခုကို သတိထားတွေ့ရှိခဲ့ပြီးနောက် လျှိုတစ်ခုအောက်မှာ  ၎င်းကို တွေ့ရှိခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြပါတယ်။

ဂေါ်တီရာကတော့ ရောမမှာ နှစ်နှစ်ကြာ နေထိုင်လျက် ရှိပြီး အနုပညာသမိုင်းဆိုင်ရာ စာတမ်းတစ်ခု လုပ်ဆောင်နေခဲ့သူလို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly