ပြင်ဦးလွင်နှင့် နောင်ချို ပစ်ခတ်မှုများကြောင့် မကွေးတွင် လုံခြုံရေးတိုးမြင့်

ပြင်ဦးလွင်နှင့် နောင်ချို ပစ်ခတ်မှုများကြောင့် မကွေးတွင် လုံခြုံရေးတိုးမြင့်

မကွေး၊ သြဂုတ် ၁၉ ။        ။ ပြင်ဦးလွင်နှင့် နောင်ချိုတို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်လိုက်မှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးကို တိုးမြင့်စစ်ဆေးလုပ်ဆောင်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးကပြောသည်။

“ပြင်ဦးလွင်နဲ့ နောင်ချိုမှာ ပြီးခဲ့တဲ့ရက်တွေက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေရှိတယ် ကျွန်တော်တို့တိုင်းထဲမှာလည်း အဲ့တာမျိုးမဖြစ်အောင် ဝန်ကြီးချုပ်ရဲ့ခွင့်ပြုချက်နဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့လုပ်တာဖြစ်တယ်”ဟု ဗိုလ်မှူးကြီးမင်းဦးက မဇ္ဈိမသို့ ပြောသည်။

လုံခြုံရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၂၄ နေရာတွင် စစ်ဆေးရေးဂိတ်များ ထားရှိစစ်ဆေးခြင်း တိုင်းဒေသကြီး ပြည်နယ်ချင်းဆက် နယ်စပ်လမ်းများတွင် CCTV ကင်မရာများတပ်ဆင် စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“ဟိုအရင်းတုန်းကလည်း စစ်ဆေးတာတွေရှိပါတယ်။ ရခိုင်ဘက်ကနေ အထောက်အထားမဲ့ ဝင်လာတဲ့သူတွေ ရန်ကုန်၊ မလေးရှားသွားတာတွေရှိတယ်။ အဲ့အတွက်ရှာဖွေစစ်ဆေးရေးတွေလုပ်ပါတယ်”ဟု ၎င်းကဆက် ပြောသည်။

ထိုသို့ စစ်ဆေးရာတွင် ခရီးသည်တင်ယာဉ်များ၊ ခရီးသည်များကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်အင်အား ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနပေါင်းစုံ မှ တာဝန်ရှိသူများဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုများသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဆုံးဖြတ်စီမံချက်များအရ ဘဂါင်္လီများဝင်ရောက်မှု ကာကွယ်ရေးစီမံချက်၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးစီမံချက်၊ တရားဥပဒေစိုးမိုးရေးစီမံချက်တို့ဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required