အပြည်ပြည်ဆိုင်ရာ အပျင်းထူမှုနေ့ပွဲတော် ကိုလံဘီယာတွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ အပျင်းထူမှုနေ့ပွဲတော် ကိုလံဘီယာတွင် ကျင်းပ

သြဂုတ် ၁၉ ။             ။ အပြည်ပြည်ဆိုင်ရာ အပျင်းထူမှုနေ့ ပွဲတော်ကို ကိုလံဘီယာနိုင်ငံမှာ သြဂုတ် ၁၈ ရက်က ကျင်းပခဲ့ကြရာ ကိုလံဘီယာ ပြည်သူပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီလို အပျင်းထူမှုနေ့ပွဲတော် ကျင်းပရာမှာတော့ ကိုလံဘီယာ နိုင်ငံသားတွေဟာ အိပ်ယာကုတင်တွေ၊ ကြိုးပုခက်တွေကို လမ်းမတွေပေါ် သယ်ဆောင်လာပြီး အေးအေးလူလူ အနားယူခြင်းအားဖြင့် တစ်ပျော်တစ်ပါးကြီး ပါဝင်ဆင်နွှွှဲခဲ့ကြတာဖြစ်ပါတယ်။

ပါဝင်ဆင်နွှဲသူတွေအတွက် ပျော်စရာကောင်းတဲ့ ပွဲတစ်ခုဖြစ်သလို စိတ်ဖိစီးမှုကို တိုက်ဖျက်ရာမှာ အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါဟာ ပြည်သူတွေ စိတ်ဖိစီးမှုတွေ လျော့ပါးပြေပျောက်စေဖို့၊ မိသားစုနဲ့ အေးအေးဆေးဆေး အချိန်ကုန်ဆုံးစေဖို့၊ မိတ်ဆွေသစ် တိုးပွားစေဖို့ ရည်ရွယ်ပြီး ဒီ ပွဲကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ အပန်းဖြေကြတယ်၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်တွေလည်း လုပ်ကြတယ်၊ လမ်းပေါ်မှာ ကစားရတဲ့ ကစားနည်းတွေလည်း ရှိတယ်၊ ဂီတဖျော်ဖြေမှုတွေလည်း ရှိတယ်၊ ဒီတော့ တအားပျော်စရာ ကောင်းပါတယ်” လို့ ယင်း အပြည်ပြည်ဆိုင်ရာ အပျင်းထူမှုနေ့ပွဲမှာ ပါဝင်ဆင်နွှဲခဲ့သူတစ်ဦးဖြစ်တဲ့ ဂျွန် အလွန်ဆိုက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly