H1N1 ရောဂါကြောင့်သေဆုံးသူ ၉၆ ဦးအထိရှိလာ

H1N1 ရောဂါကြောင့်သေဆုံးသူ ၉၆ ဦးအထိရှိလာ
ဓာတ်ပုံ - EPA

ရန်ကုန်၊ သြဂုတ် ၁၉ ။        ။ မြန်မာနိုင်ငံတွင် H1N1ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ဦးရေမှာ ၉၆ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်သည်။

အဆိုပါသေဆုံးသူများထဲတွင် ရန်ကုန်တိုင်းမှ ၆၆ ဦးဖြင့်အများဆုံးဖြစ်နေပြီး ဧရာဝတီတိုင်းတွင် ၁၂ ဦး၊ ပဲခူး တိုင်းတွင် ၇ ဦး၊ စစ်ကိုင်းတိုင်းမှ သုံးဦး၊ မကွေးတိုင်းမှ နှစ်ဦး၊ ကချင်ပြည်နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ်မှ တစ်ဦးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မှ တစ်ဦးတို့ဖြစ်ကြသည်။

ယင်း စာရင်းများမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ် ၁၆ ရက်နေ့အထိဖြစ်ပြီး ကူးစက်ခံရသူဦးရေမှာ ၅၄၄ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် H1N1ရာသီတုပ်ကွေးရောဂါ သံသယရှိသူသုံးရာကျော်ရှိခဲ့ပြီး သေဆုံးမှုမရှိခဲ့ဘဲ ယခုနှစ်တွင် လူ ၁၀၀ နီးပါးသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သံသယရှိလူနာများကို ကုသပေးမည့် ဆေးရုံအရေအတွက်ကို ၂၀၁၈ခုနှစ်ထက် တစ်ဝက် နီးပါးအဖြစ် ဆေရုံ ၁၅ ရုံအထိ တိုးမြှင့်ပေးထားသည်ဟု အစိုးရကထုတ်ပြန်ထားသည်။

ယခုသေဆုံးခဲ့သည့် လူ ၁၀၀ နီးပါးထဲမှအများစုသည် နာတာရှည်ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါများကြောင့် ဖြစ်သည်ဟုလည်းကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း၌ H1N1ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ လေးရာကျော်ရှိခဲ့ကာ လူ သုံးဆယ်ကျော် သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags