အသင်းနည်းပြဘဝကို လွမ်းဆွတ်တယ်လို့ ဝန်ခံရင်း မျက်ရည်ဝဲနေတဲ့ မော်ရင်ဟို

အသင်းနည်းပြဘဝကို လွမ်းဆွတ်တယ်လို့ ဝန်ခံရင်း မျက်ရည်ဝဲနေတဲ့ မော်ရင်ဟို
Photo: EPA

မော်ရင်ဟိုက သူ့အနေနဲ့ ဘောလုံးအသင်း နည်းပြဘဝကို လွမ်းဆွတ်တယ်လို့ အင်တာဗျူးတစ်ခုမှာ မျက်ရည်ဝဲပြီး ဝန်ခံခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။

အသက် (၅၆)နှစ်အရွယ် စပါယ်ရှယ်ဝမ်းဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ချက်စတာယူနိုက်တက်က လီဗာပူးလ်အသင်းကို ရှုံးခဲ့ပြီးနောက် နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ရပြီး အသင်းလက်မဲ့ဖြစ်နေသူပါ။

အဆိုပါအင်တာဗျူးဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှခဲ့ကြပြီး ချယ်လ်ဆီးမှာ မော်ရင်ဟိုရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်က မော်ရင်ဟိုအနေနဲ့ မကြာခင် နည်းပြလောကထဲ ပြန်ဝင်လာဖို့ တိုက်တွန်းခဲ့ပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်ကနေ ထွက်ခွာလာခဲ့ပြီးနောက်မှာ သူ့ရဲ့ အိမ်ရှိရာ စတူဘောမြို့မှာ ပြန်လည်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ဘဝမှာ ဘောလုံးအားကစားမရှိဘဲ နေလို့မရဘူးလို့ ဆိုပါတယ်။

မော်ရင်ဟိုက "ကျနော် ပျော်ရွှင်နေခဲ့ပါတယ်။ ပရိုဖက်ရှင်နယ်ဘောလုံးလောကထဲကို သွားခဲ့တဲ့ အခိုင်အတန့်ကပေါ့။ ပြီးတော့ အဲဒီလောကကနေ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

"ဘောလုံးနဲ့ပတ်သက်ပြီး အလေးအနက်နဲ့ လှုပ်ရှားခဲ့တာ ဒီအချိန်ထိအောင်ပါပဲ။ မရပ်မနားပေါ့။

"ပြီးတော့ အခုအချိန်မှာတော့ ကျနော် ရပ်လိုက်ပြီ။ ပျော်ရွှင်ခြင်းတွေအစား ကျနော် တကယ်ပဲ မပျော်ရွှင်နိုင်ပါဘူး။ ကျနော် နည်းပြဘဝကို ပြန်လည်လွမ်းဆွတ်ပါတယ်။"လို့ ပြောပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်ကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ယခုရာသီအတွက် Sky Sports ရဲ့ ဘောလုံးဝေဖန်ရေးပြောဆိုသူအဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။

သူ့ရဲ့ (၈)လကြာ နည်းပြလောကနဲ့ ကင်းကွာနေမှုဟာ ၂၀၀၇ စက်တင်ဘာနဲ့ ၂၀၀၈ ဇွန်လမှာ အင်တာမီလန်ကို ပူးပေါင်းခဲ့တဲ့ ကြားကာလ ကွာခြားမှုနောက်ပိုင်း သူ့အတွက် အကြီးများဆုံး အနားယူမှုလည်းဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဥရောပရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တွေမှာ အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံသုံးခုရဲ့ လိဂ်သုံးခုမှာ ဖလားတွေရယူနိုင်ခဲ့သလို ပေါ်တိုအသင်းနဲ့ အင်တာမီလန်အသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုက သူဟာ တရုတ်ကလပ်အသင်းတွေမှ များပြားတဲ့ ငွေကြေးနဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် သင့်တော်မယ့် ကလပ်အသင်းတစ်သင်းနဲ့သာ နည်းပြလောကကို ပြန်လာလိုတယ်လို့ SKy Sports နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Ref; Fox Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly