ဒါကာ ဆင်းရဲသားရပ်ကွက် မီးလောင်မှုကြီးကြောင့် လူပေါင်း ၁၀၀၀၀ ကျော် အိုးအိမ်မဲ့

ဒါကာ ဆင်းရဲသားရပ်ကွက် မီးလောင်မှုကြီးကြောင့် လူပေါင်း ၁၀၀၀၀ ကျော် အိုးအိမ်မဲ့

ဒါကာ၊ သြဂုတ် ၁၉ ။          ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်က လူနေထူထပ််တဲ့ ဆင်းရဲသားရပ်ကွက်မှာ မီးလောင်မှုကြီးဖြစ်ပြီး တဲအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီးနောက် လူပေါင်း ၁၀၀၀၀ ကျော်ထက်မနည်း အိုးအိမ်မဲ့ခဲ့ရကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောပါတယ်။

သောကြာနေ့က မီယာပူဆင်းရဲသားရပ်ကွက်မှာ မီးကြီးလောင်တာဖြစ်ပြီး တဲအိမ်ပေါင်း ၂၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဌာနတာဝန်ရှိသူ အာရှက်ဟူစိန်က ပြောပါတယ်။

“ကျွန်တော် ဘာတစ်ခုမှ သယ်မထုတ်နိုင်ခဲ့ဘူး။ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ဖြစ်နေခဲ့တယ်။”လို့ အဲဒီ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူ အသက် ၅၈ နှစ် အဘူဟာမစ်က မျက်ရည်အဝဲသားနဲ့ ပြောပါတယ်။

မီးကို နောက်ဆုံး ငြိမ်းသတ်လိုက်နိုင်ပြီး ဒီ မီးလောင်မှုကြီးမှာ သေဆုံးသူ မရှိကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းတော့ ရှိတယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

ရပ်ကွက်နေတွေဟာ ဝင်ငွေနည်းတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေ အများစုဖြစ်ပြီး မွတ်စလင် အိဒ်ပွဲတော်မှာ မိသားစုတွေနဲ့ ခရီးသွားနေကြတာကြောင့်် အများစုက မီးလောင်မှုဖြစ်ချိန်မှာ အိမ်မှာ မရှိကြတာ ဖြစ်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ပျက်စီးဆုံးရှုံးမှုက အတော်လေး ကြီးမားပါတယ်။”လို့ ဌာနေမီးသတ်ဦးစီး ဂိုလန်က ပြောပါတယ်။

လူပေါင်း ၁၀၀၀၀ ကျော်ထက်မနည်းကို အားလပ်ရက်ကြောင့် သီတင်းပတ်ကြာ ပိတ်ထားတဲ့ အနီးက ကျောင်းတွေမှာ မီးဘေးဒုက္ခသည်အဖြစ် ထားရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly