သတိပေးမှုတွေရှိနေတဲ့ကြားက ထောင်ပေါင်းများစွာသော ဟောင်ကောင်ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာ စုရုံးချီတက်

သတိပေးမှုတွေရှိနေတဲ့ကြားက ထောင်ပေါင်းများစွာသော ဟောင်ကောင်ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာ စုရုံးချီတက်

သြဂုတ် ၁၈ ။         ။ မြောက်မြားလှသော ဟောင်ကောင် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူတွေဟာ သြဂုတ် ၁၈ ရက်က မြို့တွင်းလမ်းတွေမှာ တစ်ဖန် စုရုံးရောက်ရှိ ချီတက်ခဲ့ကြပြန်ပါတယ်။

ဒါဟာ ၎င်းတို့ရဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုဟာ ပြည်သူအများအပြားရဲ့ ထောက်ခံမှုကို ရရှိနေဆဲ  ဖြစ်တယ်ဆိုတာကို ဟောင်ကောင်ခေါင်းဆောင်တွေကို ပြသမှု တစ်ခုလည်း ဖြစ်ပါတယ်။

အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြင့်ဖြစ်ပေါ်မှု၊ ပေကျင်းအစိုးရရဲ့ ပြင်းထန်တဲ့ သတိပေးချက်တွေ ရှိနေတဲ့ ကြားကပဲ ခုလို ဟောင်ကောင်ဆန္ဒပြလူအုပ်စုကြီးက ငြိမ်းချမ်းစွာ စုရုံးချီတက်ခဲ့ကြတာဖြစ်ပါတယ်။

သီတင်းပတ် ဆယ်ပတ်ကြာ ဆန္ဒပြမှုတွေကြောင့် ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်ကို အကျပ်အတည်းအောက် ကျရောက်ထားစေခဲ့သလို ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးသုံး လူစုခွဲ နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။

ယင်းအပြင် တရုတ်ပြည်မကြီး အာဏာပိုင်တွေကလည်း ဟောင်ကောင် ဆန္ဒပြသူတွေအပေါ် တင်းမာတဲ့ သဘောထားတွေကို ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

ဒါဟာ တရုတ်ပြည်မကြီးဆီ တရားခံလွှဲပေးရေး ဥပဒေကြမ်းတစ်ခု အဆိုပြုခဲ့ရာကနေတဆင့် ယင်းအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စတင်ခဲ့ပြီးနောက် ယခုလို ကြီးမားတဲဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly