ထိုင်းတို့ရဲ့ အချစ်တော် ရေဝက်လေး မာရီယမ် ပလတ်စတစ် စားမိပြီး သေဆုံး

ထိုင်းတို့ရဲ့ အချစ်တော် ရေဝက်လေး မာရီယမ် ပလတ်စတစ် စားမိပြီး သေဆုံး

သြဂုတ် ၁၈ ။            ။ ထိုင်းလူမှုကွန်ရက်ပေါ်မှာ စတားဖြစ်ခဲ့ပြီး ထိုင်းပြည်သူအများအပြား အချစ်ပိုခဲ့ကြတဲ့ ရေဝက်လေး မာရီယမ်ကတော့ ယခုအခါ ပလတ်စတစ် စားမိလို့ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်က တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုမှာ တွေ့ရှိခဲ့ပြီး လူအများရဲ့ ချစ်ခင်မှုကို သိမ်းပိုက်ရရှိခဲ့တဲ့ ရှစ်လသားအရွယ် ရေဝက်လေး မာရီယမ်ကတော့ ယခုအခါ ပလတ်စတစ်တွေကို မျိုမိခဲ့ရာကနေ အစာအိမ်ဝေဒနာတစ်ခုကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ယခုလို မာရီယမ် သေဆုံးမှုကတော့ ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကို ပိုမိုပေါ်လွင်ထင်ရှားစေခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ရေဝက်လေး မာရီယမ်ဟာ ၎င်းကို ကယ်ဆယ်ခဲ့သူတွေနဲ့ နီးနီးကပ်ကပ် ပွတ်သီးပွတ်သပ် ရှိနေခဲ့တဲ့ ပုံရိပ်တွေက အွန်လိုင်းပေါ် ပြန့်နှံ့ခဲ့ရာကနေ ၎င်းကို လူအများက အချစ်ပိုခဲ့ကြပါတယ်။

ယခုအခါမှာတော့ ၎င်းဟာ အစာမကြေမှုကြောင့်ရော၊ အထိတ်တလန့်ဖြစ်မှုကြောင့်ပါ သေဆုံးသွားခဲ့ရကြောင်း ပင်လယ်ရေကြောင်း ဇီဝဗေဒပညာရှင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly