သစ်တောပြုန်းတီးမှုလျော့ကျစေရန် ပြည်သူလူထု ပါဝင်ရေး စီမံချက်များရေးဆွဲရန် တပ်မတော်သား ကိုယ်စားလှယ်အကြံပြု

17 August 2019
သစ်တောပြုန်းတီးမှုလျော့ကျစေရန် ပြည်သူလူထု ပါဝင်ရေး စီမံချက်များရေးဆွဲရန် တပ်မတော်သား ကိုယ်စားလှယ်အကြံပြု

သစ်တောပြုန်းတီးမှုများကို လျော့ကျစေရန်အတွက်  ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းပါဝင်ရေး အစိုးရအနေဖြင့်စီမံချက်များရေးဆွဲရန် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမင်းဇာနည်ထွေးက အကြံပြုပြောကြားသည်။

သြဂုတ်လ ၁၆ ရက်နေ့ကကျင်းပသည့်  ပြည်သူလွှတ်တေ်ာအစည်းအဝေးတွင်  သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်သော အခြေအနေများကို ဥပဒေနှင့်  အညီ တားဆီးကာကွယ်ပြီး  ပြန်လည်ထူထောင် အားဖြည့်ခြင်း လုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/ တက်ဆက် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly