ပင်လယ်လေးတံတား အဆင့်မြင့်တင်ခြင်းလုပ်ငန်း ၇၇ ရာခိုင်နှုန်း ပြီးစီး

17 August 2019
ပင်လယ်လေးတံတား အဆင့်မြင့်တင်ခြင်းလုပ်ငန်း ၇၇ ရာခိုင်နှုန်း ပြီးစီး

လပွတ္တာမြို့နယ်ရှိ ပင်လယ်လေးတံတား အဆင့်မြင့်တင်ခြင်းလုပ်ငန်းမှာ ၇၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးဦးဝင်းဌေးကပြောသည်။

“လပွတ္တာ ပင်လယ်လေးတံတားပေါ့။ အရင်က ကြိုးတံတားကို ပြန်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်နေတဲ့ အပိုင်း တွေ မြန်မြန်ပြီးဖို ့ ညွန်ကြားထားတာတွေရှိတယ်။ အခုဆို တံတား တစ်ခုလုံးပြီးစီးမှုက ရရရာနှုန်းလောက် ပြီးနေပါပြီ။ အောက်တိုဘာလထဲမှာ ပြီးဖို ့အတွက် တံတားအထူးအဖွဲ ့က ဆောင်ရွက်နေပါတယ်။ အဲဒီတံတားပြီးသွားရင် လပွတ္တာခရိုင်အတွက်က ကောင်းသွားမယ်”ဟု ဦးဝင်းဌေးကပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြိုးတံတားကို ခိုင်ခံမှုရှိစေရန် ဂျပန်ပညာရှင်များဖြင့် စိစစ်မည်ဖြစ်ပြီး ပုသိမ်အမှတ်-၂ တံတားမှာလည်း ၂၅ရာနှုန်း ပြီးစီးဖြစ်ကြောင်း ကျန်ရှိနေသည့် အပိုင်းများကို ၂၀၁၉-၂ဝခုနှစ် ဘတ်ဂျက်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly